"The ideation corner: discover valuable content in one place and apply it to your life."

စိတ်ခံတပ်ကို တည်ဆောက်ခြင်း

Share the Love

ခံတပ်ဆိုတာ အင်္ဂလိပ်လို Fortification, ခိုင်ခံ့စွာတည်ဆောက်ထားခြင်း၊ အားဖြည့်စေခြင်း စသော နေရာများ ကိုဆိုလိုတယ်။ စစ်ဘက်ဆိုင်ရာအရ ‘ရန်သူကိုခုခံရန်အုတ်၊ကျောက်၊သစ်စသည်တို့ဖြင့်အခိုင်အခံ့လုပ်ထားသောစစ်စခန်း’ ဟု၍ခေါ်ဆိုကြပါတယ်။ ခံတပ်ခိုင်ခံစွာတည်ဆောက်ထားမှုအပြင် ခံတပ်အတွင်းနေသော စစ်သည်များ အနေဖြင့်လည်း ရဲစွမ်းသတ္တိရှိမှု၊ စည်းလုံးညီညွတ်မှုတွေရှိမှ ရန်သူ့ကိုတော်လှန်နိုင်မှာဖြစ်တယ်။ 

ထို့နည်းတူ မိိမိတို့ရဲ့ ဘ၀မှာလည်း ပြင်ပဒဏ်တွေကို အန်တုနိုင်ဖို့ မိမိတို့ရဲ့ ‘စိတ်ခံတပ်’ ကိုတည်ဆောက်ထားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်၊ ကိုယ်ရဲ့ထင်မြင်ယူဆချက်၊ နှလုံးသွင်းမှု၊ ရွေးချယ်မှု၊ ပြုမူပြောဆိုမှု၊ ခံယူမှု၊ စသောအရာတွေကို ကိုယ်တိုင်နိုင်နှင်းစွာရှိနေဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် လျှော့တိလျှော့ရဲ ဖြစ်နေတယ်ဆိုရင် အပြင်က သွေးထိုးလှုံ့ဆော်မှု၊ဖြားယောင်းသွေးဆောင်မှု၊ ရန်ထောင်မှု၊ စသောအရာတွေကို ကျော်လွှားနိုင်ဖို့နှင့် ဓမ္မဓိဌာန်ကျကျ အကဲဖြတ်ဆုံးဖြတ်နိုင်စွမ်းအားနည်းနေမှာဖြစ်ပါတယ်။

ဒီတော့စိတ်ခံတပ်ကိုဘယ်လိုတည်ဆောက်ကြမလဲ?

အရိုးရှင်းဆုံးခွဲခြမ်းစိတ်ဖြာရရင် နှစ်ခုပဲရှိပါတယ်။

ဘာကို ‘ရှောင်’ မလဲနှင့် ‘ဆောင်’မလဲဆိုတာ တွေဖြစ်တယ်။ ‘Don’ts & Dos’ လို့ခေါ်နိုင်ပါတယ်။

၁။ အရင်ဆုံး Don’tsကိုပြောရရင်…

  • ကိုယ့်အတွက်ဘယ်အရာတွေက အန္တရာယ်ဖြစ်စေတာလဲ၊
  • ကိုယ့်ကို နောက်ပြန်ဆုတ်စေတဲ့ အကျင့်ဆိုးတွေ၊ နှလုံးသွင်းမှုတွေကဘာတွေလဲ၊
  • ဘယ်သူတွေနှင့် ကာရံနေထိုင်နေလဲ၊
  • အလုပ်မဖြစ်တာတွေကို ရပ်တန့်ဖြစ် ဘာကြောင့် အချိန်ကြန့်ကြာနေတာလဲ၊ စတာတွေကို ပြန်ပြီး မေးခွန်းထုတ်ပြီး လိုအပ်တာတွေကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။

၂။ ဘာတွေကို Dos လုပ်ရမလဲဆိုရင်…

  • မိမိစိတ်ကိုဘယ်လိုနည်းလမ်းတွေနှင့်တည်ငြိမ်အောင်လုပ်မလဲ?
  • မိမိရဲ့အတွေးအကြံအလုပ်တွေ တိုးတက်လာဖို့ ဘယ်လိုအကျင့်တွေမွေးမလဲ?
  • ဘယ်သူတွေနှင့် ပေါင်းသင်းချိတ်ဆက်မှုလုပ်မလဲ?
  • ဘယ်လိုတွေလေ့လာလိုက်စားပြီး အဆင့်တက်အောင်လုပ်ကြမလဲ? စတဲ့ ဆောင်ရမဲ့အရာတွေကို သေချာ ချရေးကာ ကူညီနိုင်သူတွေနှင့် အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။

ကျွန်တော့်အတွက်လည်း၂၀၂၂ မတိုင်ခင်ကျွန်တော်နှင့် ၂၀၂၂ အလွန်ကျွန်တော် အတော်လေးကွာသွားခဲ့တယ်လို့မြင်လာမိတယ်…။ အကြောင်းက ကျွန်တော့်အတွက် ဘာတွေကို လိုတိုးပိုလျှော့လုပ်ပြီး ‘ရှောင်’ရန်နှင့် ‘ဆောင်’ရန်တွေကို အချိုးကျကျလုပ်လာနိုင်တယ်လို့မြင်မိတယ်။ စင်းလုံးချောတော့မဟုတ်နေသေးတာကိုလက်ခံတယ်။ နေ့စဥ်အစဥ်အမြဲတိုးတက်ဖို့နေရာတွေရှိနေပါသေးတယ်။ 

အကြံပြုချက်အချို့ကိုပေးရရင်တော့

  • ဗုဒ္ဓစာပေတွေကိုလေ့လာတာ (ဗုဒ္ဓဘာသာ၀င်ဖြစ်မယ်ဆိုရင်) 
  • Stoicism ကိုလေ့လာတာ 
  • Mindfulness လေ့ကျင့်တာ
  • Healing & Inner work လုပ်ဆောင်တာ
  • လိုအပ်တဲ့ coaching & counseling ယူတာ

စတာတွေကို လုပ်ဆောင်ဖို့အကြံပြုပါတယ်။ ဒါတွေက လွယ်သယောင်နှင့် နေ့စဥ်နှင့်အမျှ တစတစနှင့် သွားရတာတွေဖြစ်တယ်။ 

*Buddhism ကိုလေ့လာလိုတယ်ဆိုရင်တော့

  • http://www.kbrl.gov.mm/Catalog/Featured
  • အခြေခံကစတင် ဖတ်ချင်ရင်တော့ ‘ကိုယ်ကျင့်အဘိဓမ္မာ’ စာအုပ် (အရှင်ဇနကာဘိ၀ံသ)
  • ပါချုပ်ဆရာတော်ဘုရားကြီးရဲ့တရားတော်များ

*Stoicism ကိုလေ့လာလိုတယ်ဆိုရင်တော့ 

*Mindfulness အတွက်ဆိုရင်တော့ 

  • Control Your Mind & Master Your Feelings (Eric Robertson) လေးကိုလဲဖတ်ဖို့အကြံပြုပါတယ်။ 
  • Don’t Believe Everything You Think (Joseph Nguyen)
  • Think Like a Monk (Jay Shetty)
  • ဆက်လက်ပြီး အခြားသော ကိုယ့်အတွက်ရှာကြံပြီးလုပ်လို့ရတဲ့အလေ့အထတွေလုပ်နိုင်ပါသေးတယ်။ ဥပမာ နေ့စဥ် စိတ်ငြိမ်အောင် ၀င်လေထွက်လေမှတ်တာစသဖြင့်…။

*Healing & Inner Work တွေကတော့ 

  • သက်ဆိုင်ရာ မန်တာတွေ၊ နည်းပြတွေ၊ ကောင်ဆယ်လာတွေနှင့်လုပ်တာအကောင်းဆုံးဖြစ်မယ်လို့ယူဆပါတယ်။ သေချာစနစ်တကျနှင့်ဖော်ပြနိုင်မယ်၊ ဖွင့်အံနိုင်မှာမို့ဖြစ်ပါတယ်။ 
  • မိမိအနေနှင့်ပေါ့ပါးပဲတစ်ဦးထဲလေ့လာပြီး အခြေခံကစတင်ချင်ရင်တော့ Mindvalley Platform-ရဲ့ဗီဒီယိုသင်ခန်းစာတွေကိုလည်းအကြံပြုပါတယ်။

*Coaching & Counseling တွေကိုလည်း

  • အတွေ့အကြုံရှိသူတွေနှင့် သွားဖို့လိုအပ်ပါတယ်။ 
  • ကျွန်တော့်အတွက်ဆိုရင်တော့ B’UNIQ-Coaching ကနေကျွန်တော်ဖြတ်သန်းခဲ့တဲ့ဘ၀အတွေ့အကြုံအပေါ်မူတည်ပြီးပြန်လည်ကူညီနိုင်တာကတော့ လူငယ်တွေနှင့်လူရွယ်တွေ အတွက်
    • Self-discovery 
    • Self-Acceptance
    • Coming out process
    • Professional development (content, personal branding and social media building) စတာတွေကိုကူညီပေးနိုင်ပါတယ်။

ပိုကောင်းတဲ့သင်ဖြစ်လာဖို့ အတွင်းကနေ၊သင်ဆိုတဲ့လူကနေ စတင်နိုင်ဖို့လိုအပ်ပါတယ်။ ဆိုရိုးစကားလေးရှိပါတယ် ‘အတွင်းအန္တရာယ်ကင်းရင် အပြင်ကိုလည်းကာကွယ်ထားပြီးသားဖြစ်တယ်’ အပြင်မှာအန္တရာယ်မရှိပေမဲ့ အတွင်းပူလောင်နေရင် ဘ၀ဟာ ဒုက္ခပင်လယ် ေ၀နေသလိုဖြစ်နေတတ်ပါတယ်။ 

အားလုံးတည်ငြိမ်အေးချမ်းတဲ့ဘ၀တွေကိုပိုင်ဆိုင်နိုင်ပြီး ကျန်ရှိနေသေးသော ၂၀၂၄ ကိုအားမာန်အပြည့်ဖြင့် ချီတက်သွားကြပါလို့ ဆန္ဒပြုရင်း….။

​“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…”

Thar Htoo-Be Unique

Share the Love