"The ideation corner: discover valuable content in one place and apply it to your life."

“ဘ၀ကို B.L.E.S.S ဖြစ်စေပါ…”

Share the Love

အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက် လာမဲ့ (၃-၅)နှစ်တာကို ယခုကာလကနေ ထည့်သွင်းစဥ်း စားရတာကိုဆိုလိုပါတယ်။တစ်နှစ်တာဆိုတဲ့အချိန်ဟာ ကုန်တာ အလွန်မှ မြန်ဆန်ပါတယ်။ ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ ဘေးကလူတွေအတွက်ပါ ထည့်သွင်းစဥ်းစားလိုက်တဲ့ အခါအလွန်မှအချိန်တွေဟာ ပိုလျှံနေတယ်လို့မမြင်နိုင်တော့ပါဘူး။

အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီးတွေလုပ်နေရမယ်လို့အထင်မမှားသင့်ပါ။ အကြောင်းကကိုယ့်အနေနဲ့ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းနေလဲ?ဆိုတာကနေ စတင်တွေးကြ ည့်ရမှာဖြစ်တယ်။ကျွန်တော်မြင်လာတာကတော့ တစ်ရက်တာမှာ B.L.E.S.S နေပြီး နေထိုင်နေရဲ့ လား ဆိုတာပါပဲ။

Build-မိမိကိုယ်ကိုယ်တည်ဆောက်နေရဲ့လား?ဥပမာ ခန္ဓာကိုယ်အရ, ကိုယ်လက်လေ့ကျင့်ခန်းလု ပ်နေလား?အခြားသော မိမိတည်ဆောက်နေရမဲ့အရာတွေ၊ ကိုယ်နဲ့ကိုယ်ကြား၊ ကိုယ်နဲ့မိသားစုကြား၊ ကိုယ်နဲ့အပြင်ကလူတွေကြား စတဲ့ ဆက်ဆံရေး၊ လူမှုရေးတွေအပြင် အခြားသော ဘ၀အ တွက် လိုအပ်တဲ့ system တွေကိုတည်ဆောက်နေဖို့လိုအပ်ပါတယ်။

Learn-သင်ယူမှုဟာတိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်၊ သင်စရာတွေများတဲ့ခေတ်မှာ ဘယ် အရာကိုတစိုက်မတ်မတ်နဲ့လေ့လာသွားမလဲဆိုတာကို စီမံရမှာဖြစ်တယ်၊ ကိုယ့်ရဲ့စိတ်၀င်စားမှု နယ် ပယ်နဲ့ကိုက်ညီတဲ့ အရာလား? ခေတ်နဲ့အညီမဖြစ်မနေလိုက်ပါသင်ယူရမဲ့အရာလား? ကိုယ့်အ တွက်လိုအပ်ရဲ့လား? စတာတွေကိုဆန်းစစ်ပြီးလေ့လာသွားရမှာဖြစ်ပါတယ်။

Earn-နေ့စဥ်ရှင်သန်မှုအတွက် ၀င်ငွေတစ်ခုမဖြစ်မနေလိုအပ်ပါတယ်။ အနာဂတ်အတွက် လုံခြုံစွာနဲ့ရပ်တည်နိုင်ဖို့နဲ့ ကိုယ့်အတွက် ၀င်ငွေလမ်းကြောင်းတည်ဆောက်နေမှု၊ တစ်ခုထက်ပိုတဲ့ ၀င်ငွေလမ်းကြောင်းတွေကို ဖောက်ထားမှုတွေလိုအပ်မှာဖြစ်တယ်။ (အထက်က Build နဲ့ချိတ် ဆက်နိုင်ပါတယ်)

Solve-ဘ၀ဆိုတာ ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို နေ့စဥ်နဲ့အမျှ ထိုင်ဖြေရှင်း ရတဲ့ခရီးစဥ်လိုမှတ်ယူ ရမှာဖြစ်ပါတယ်။ ပြဿနာတစ်ခုပေါ်လာတိုင်း စိတ်ဓာတ်တွေ ထိုင်ကျနေမယ်ဆိုရင် များစွာသော ပြဿနာတွေအတွက် ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုလည်း တွေးသင့်ပါတယ်။

Share- ကိုယ့်ဖို့ ချည်းပဲ တစ်ချိန်လုံးရှာနေ၊ဖွေနေတာက အနှစ်သာရ အဲ့ဒီ လောက် မရှိနေဘူးလို့မြင်မိပါတယ်။ အပိုအလျှံလေးတွေဖြင့် အနည်းအများဆီလိုအပ်နေသူတွေ၊ လိုအပ်နေတဲ့ နေရာတွေကို ၀ိုင်းကူပေးတာက သဘာ၀ကျပါလိမ့်မယ်။ ဘ၀မှာ ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး ဘေးကလူတွေကိုနိုင်သလောက်တွဲထူသွားတာက လုပ်သင့်လိုက်ထိုက်တဲ့အရာဖြစ်ပါတယ်။

 ပိုကောင်းတဲ့အတွေးအကြံအလုပ်တွေနဲ့ ဘ၀ကို B.L.E.S.S ဖြစ်စေပါ…။

Thar Htoo-Be Unique

Share the Love