"The ideation corner: discover valuable content in one place and apply it to your life."

သက်တံ့တွေက ထာ၀ရ တည်ရှိနေမှာပါ

Share the Love

ကိုယ့်ရဲ့ဖြစ်တည်မှုကို အဖုံဖုံအလီလီ ပိုက်စိပ်တိုက် လေဆာနဲ့ဖတ်သလို ငါများလွဲခဲ့လေလား, ငါများသိမ်းသွင်းခြင်းခံရလို့လား, ငါများလှည့်ဖျားခြင်းခံရလို့လားဆိုပြီး ကာလတစ်ခုကြာထိ သံသယတွေ၀င်နေမိခဲ့တယ်…။ လေ့လာလိုက်ဖတ်, စူးစမ်းပြီး အတည်ပြုနိုင်ခဲ့တာကတော့ ကိုယ့်ရဲ့ဖြစ်တည်မှုက မွေးရာပါမှန်ကန်ကြောင်း, စိတ်နေသဘောထား အမူအကျင့်စတဲ့အရာတွေဟာလည်း ဖြစ်တည်မှုမှန်ကန်ကြောင်း သိရှိမှုအပြီး လက်ခံမှုအရွေ့ဆီ ဦးတည်ဖြစ်နေခဲ့တယ်။

ထူးခြားချက်က ဒီလိုဖြစ်တည်မှု ‘အယ်လ်ဂျီဘီတီကျုပလပ်’ ဖြစ်တည်မှုနှင့် ယဥ်ကျေးမှုနဲ့တောင် ဝေးကွာနေပါသေးတယ်…၊ တစ်ခါတစ်ရံ မရှင်းလင်းတာမျိုးရှိရင် စထရိတ် အမျိုးသမီးသူငယ်ချင်းတွေဆီတောင်မေးရမြန်းရတာရှိတယ်…။ သူတို့ကတောင် ကိုယ့်ထက် ဗဟုသုတကြွယ်သေးတယ်…။ ငြင်းပယ်လို့မရတာက သဘာ၀အတိုင်း ကျား,မ (ဂျန်ဒါ) ရပ်၀န်းနဲ့ပဲ လူမှုအသိုက်အ၀န်းကို တည်ဆောက်ခဲ့ကြတာဆိုတော့ ထိုဘုံအသိုက်အ၀န်းထဲ ၀င်မဆံ့တဲ့ လူနည်းစုတွေအတွက်က အတားအဆီးလိုဖြစ်နေစေတယ်…။

လူမှုအသိုက်အ၀န်းကလည်း အပေါ်ယံ ကျား,မ ဖြစ်တည်မှုနှင့် ယဥ်ကျေးမှုအစဥ်အလာတွေနဲ့ပဲ ဖုံးလွှမ်းခဲ့ကြရတော့ မမြင်ရင်မရှိဘူးလို့ဘဲ ယုံကြည်နေကြတယ်…။ ဒါဟာလည်း အဲ့ဒီရှုထောင့်က ကြည့်ရင်မှားတော့မမှားနေဘူး…။ ဘာလို့များ ဗွားခနဲ ‘အယ်လ်ဂျီဘီတီကျုပလပ်’ ဖြစ်တည်မှုကြီးက တန်းပေါ်လာရသလဲပေါ့…။ အစာကြေမနိုင်ဖြစ်ကြရတယ်…။ ဒါဟာလည်း မှန်ကန်မှုရှိတယ်…။ နှစ်ပေါင်းအများကြီး ‘ပုံမှန်’ပါဆိုတဲ့ အစဥ်အလာမှာ ကြီးပြင်းလာရတော့ ဒီလိုပဲမှတ်ယူကြမှာပဲ…။ အခြားသော သွန်သင်မှုတွေကြောင့်လည်းပါနိုင်တယ်…။

ရှင်းလင်းဖို့လိုတာက ‘အယ်လ်ဂျီဘီတီကျုပလပ်’ ဖြစ်တည်မှုဟာ အင်စတီကျူးရှင်း-အသင်းအဖွဲ့ မဟုတ်ပါဘူး…။ မွေးရာပါဖြစ်တည်မှုတွေကို လက်ခံကြိုဆိုဖို့, အများသူငှာနားလည်သဘောပေါက်မှုအား မြှင့်တင်ဖို့ကို ရည်ရွယ်ပြီး အဖွဲ့အစည်းတွေက ဒီဖြစ်တည်မှုကို ကြိုဆိုသောအားဖြင့် ‘pride month’ တွေ, ပွဲတွေ, အခမ်းအနားတွေလုပ်ကြရတာပါ…။ တစ်ဖက်မှာလည်း ကျား,မ အတည်တကျ ဖြစ်တည်မှုရှိသူ (စထရိတ်)တွေရဲ့ ရှုထောင့်ဘက်ကကြည့်ရင်တော့ လက်ခံပေးဖို့ မလွယ်ကူနိုင်တာလည်းရှိနိုင်တယ်…။ လောကကို စတင်ထိတွေ့ရတဲ့ ကလေးတွေစိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ, ယဥ်ကျေးမှုအစဥ်အလာတွေနဲ့သွေဖြည်နေတယ်, စတဲ့ စိုးရိမ်မှုကလည်းတစ်ကြောင်းရှိနေတယ်…။ ဒီနေရာမှာ ကွာဟချက်ကရှိနေပြန်တယ်…။ ဒါဟာလည်းမှန်ကန်မှုရှိတယ်…။

ဒီလိုကွာဟချက်တွေကို စေ့ပေးဖို့က ဆေးဘက်ဆိုင်ရာ, စိတ်ပိုင်းဆိုင်ရာ, ပညာရှင်တွေနှင့် အများလက်ခံထားတဲ့ အဖြေတော့ရှိတယ်….။ အဲ့ဒါက “အယ်လ်ဂျီဘီတီကျုပလပ် ဖြစ်တည်မှုဟာ မွေးရာပါဖြစ်တည်လာခြင်းသာဖြစ်တယ်…။ လုပ်ယူထားခြင်း, အသွင်ပြောင်းလဲထားခြင်း, တမင်ကွဲထွက်လိုခြင်း အလျဥ်း မဟုတ်ကြောင်း” သိမြင်ဖို့လိုပါတယ်။” တနည်းအားဖြင့် ကျား,မ အဖြစ်မွေးဖွားလာတိုင်း ကျား,မ ဝိသေသ (ဆန့်ကျင်ဘက် လိ-င် ကိုသာလျင်စိတ်၀င်စားခြင်း) ဆိုတဲ့အတိုင်း ရှိနေနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အတည်တကျရှိသော ကျား,မ ဝိသေသ (ဆန့်ကျင်ဘက် လိ-င် ကိုသာလျင်စိတ်၀င်စားခြင်း) ဆိုတာဟာ ယဥ်ကျေးမှု မျှော်မှန်းချက်-social, and cultural expectation တစ်ခုသာဖြစ်ပြီး လူတွေရဲ့ မွေးရာပါဖြစ်တည်မှုနဲ့ လျော်ကန်ခြင်း မရှိပါဘူး…။ ဒါကို ပြောင်းလဲပြုပြင်နိုင်ခြင်း (convertion) အလျဥ်း မရှိပါဘူး…။

သုတေသနတွေအရ ရှေးယခင်က လူတွေမှာလည်း ဒီလိုမျိုး ဖြစ်တည်မှုများနှင့် နေထိုင်ခြင်းများရှိခဲ့ပါတယ်။ ပို၍တောင် ယနေ့ထက် အမြင်ကျယ်မှုရှိကြတယ်လို့ဆိုပါတယ်…။ သာဓကအားဖြင့် အမျိုးသားတစ်ဦးအနေနှင့် ကျန်အမျိုးသားတစ်ဦးအပေါ် နှစ်သက်စုံမက်မှုရှိနိုင်မယ်…သို့သော် သူတို့အနေနှင့် ခုန ‘အယ်လ်ဂျီဘီတီကျုပလပ်’ ဆိုတဲ့အမည်နာမဆိုတာမျိုးကို မတပ်ကြပါဘူး…။ ဆိုလိုရင်းက ထိုသို့သော ရောယှက်မှုတွေရှိလင့်ကစား သူတို့ဟာ ကျား,မ, သို့ ဂျန်ဒါ identity အပေါ် ကပ်တွယ်ထားခြင်းမရှိဘူးလို့ဆိုကြပါတယ်…။ ဒါ့အပြင် ကနဦး 1800s နှစ်၀န်းကျင်ရဲ့ အင်္ဂလိပ်အဘိဓာန်မှာ GAY ဆိုတဲ့ မူရင်း ဝေါဟာရဟာ joyful, carefree, bright, or lively ‘တက်ကြွတယ်, ‘အပူအပင်ကင်းတယ်, ‘ဥာဏ်ရွင်တယ်’ ‘အသက်၀င်မှုရှိတယ်’ လို့ဖွင့်ဆိုထားတယ်။ ထိုအဓိပ္ပာယ်တွေဟာ 1900s နှစ်၀န်းကျင်တွေထဲ၀င်လာတဲ့အခါ ပြောင်းလဲလာကြပြီး နောက်ဆုံး 1960s နှစ်လွန်တွေမှာတော့ GAY ဆိုတာသည် homo-sexual လိ-င် တူခြင်းစုံမက်မှုလို့ ဖွင့်ဆိုလာကြတယ်…။ ဒါကခေတ်ရေစီးကြောင်းအရ အခေါ်အဝေါ်တွေ သိမ်မွေ့စွာ ပြောင်းလဲလာတာကိုမြင်နိုင်တယ်…။ (သုတေသနစာတမ်းများကို အကျယ်တ၀င့်ဖတ်ဖို့အကြံပြုပါတယ်)

The Stonewall Riots ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာမှ LGBTQ+ အယ်လ်ဂျီဘီတီကျူပလ် ဖြစ်တည်မှုအပေါ်အသိအမှတ်ပြု လှုပ်ရှားမှုတွေဟာ အားကောင်းလာတယ်လို့မြင်နိုင်တယ်…။ ဒါဟာနေ့ချင်းညချင်း ပေါ်ပေါက်လာတဲ့ အရာမဟုတ်ပါဘူး…။ ဒါဟာဖြစ်တည်နေတဲ့အရာတွေကို ကျင့်ကြံခွင့်မရခဲ့တာ…၊ ဖိချထားခံခဲ့ရတာ…၊ အသွင်းအဖွဲ့ထဲ ပါ၀င်ခွင့်မရခဲ့တာ…၊ ကျင်ပယ်ခြင်းခံရခဲ့တာ…၊ အနိုင်ကျင့်ခံရခဲ့တာ…၊ ရွာပြင်ထုတ်ခံခြင်း ခံရခဲ့တာတွေ များလာတဲ့အခါ တွန်းကန်တဲ့အနေနဲ့ ပေါက်ကွဲလာမှုလို့ပဲ နားလည်နိုင်ပါလိမ့်မယ်…။ တကယ်လည်း sex-uality-လိ-င်စိတ်ခံယူမှုဟာ စံသတ်မှတ်ချက်တောင်မရှိပါဘူး…၊ ဇီ၀ကမ္မတွေရဲ့ အပြောင်းအလဲပေါ်မူတည်ပြီး ဖြစ်တည်လာတယ်လို့ ဆိုနိုင်ပါတယ်…။ ဘယ်လိုပဲဖြစ်ဖြစ် ရှုထောင့်ပေါင်းစုံက စံတွေနဲ့ တိုင်းရင်တိုင်းသလို အဖြေတွေများစွာ ပေါ်ထွက်လာနိုင်ပါတယ်…။

အခြေခံအကျဆုံး နားလည်သိရှိဖို့ လိုတာက အားလုံးဟာ မတူကွဲပြားစွာဖြစ်တည်လာတဲ့ ‘လူတွေပါပဲ’။ လူတွေရဲ့ ဖြစ်တည်မှု (human experience) တွေကို အရောင်အသွေးစုံစွာ မြင်လာနိုင်တဲ့ သဘောတရားပါပဲ။ ကျွန်တော်တို့ မသိကြတဲ့ လူတွေရဲ့ ဖြစ်တည်မှု human experience တွေဘယ်လောက်များ ရှိနေဦးမလဲ, ကျန်နေဦးမလဲဆိုတာက မေးခွန်းရှိနေပါသေးတယ်…။ အကောင်းဆုံးကတော့ မိမိအနေနဲ့ အမြင်ကျယ်ပြီး လောကရဲ့ အရှိတရားတွေအပေါ်မှာ သင်ယူလေ့လာပြီး အသိအမှတ်ပြုကာ, လက်ခံကာ သဘောထားကြီးပေးနေဖို့ပဲ လိုပါကြောင်း မျှဝေ ပေးလိုက်ရပါတယ်။

We can’t stop a rainbow from coming…

Happy Pride Month!

Thar Htoo-Be Unique

Share the Love