တစ်ရက်ကို အတွေးပေါင်း (၆)သောင်းကနေ (၈)သောင်းကြားထိ တွေးနေတဲ့အထဲ မိမိတို့အနေနှင့် အတွေးလွန်မိနေတာတော့ ဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အတွေးမလွန်ဖူးသူ ရှိနိုင်မယ်မထင်ပါဘူး။ တစ်ခါတစ်ရံစားမြုံ့ပြန်အောင်တွေးပြီး မိမိကိုယ်ကို အကျဥ်းအကျပ်ထဲ ထားလိုက်မိတဲ့အခိုက်အတန့်တွေရှိကြမယ်လို့ထင်ပါတယ်။ သတိကပ်နေရင်းမှ ဖြစ်ရပ်တစ်ခု၊ အရာတစ်ခုကြောင့် အတွေးလွန်ခြင်းဆီကိုဦးတည်သွားလိုက်မိတဲ့အခါ ထွက်ချင်လေလေ ပြန်ရုန်းထွက်ဖို့ ခက်ခဲစေတာကိုလည်း ကြုံဖူးနိုင်ပါတယ်။
ဒီတော့ ဘာကြောင့်များအတွေးတွေဟာ တရစပ်တွေးမိနေရသလဲဆိုတဲ့ နောက်ကွယ်ကအဖြေတွေကိုသိချင်နေကြပြီးလို့ယုံကြည်ပါတယ်။ သေချာပါတယ်ပညာရှင်တွေရဲ့ထောက်ပြချက်တွေအရအတွေးလွန်ခြင်းဟာ…
၁။ Negative Mindset ကြောင့်…
ကိုယ့်ရဲ့သိစိတ်က ငါဟာအကောင်းမြင်တတ်ပါလား၊ လူတွေကိုအကောင်းဘက်ကပဲတွေးမိပေးတတ်ပါလား၊ ငါ့ကိုယ်ငါလည်း အပြုသဘောဆောင်တွေးတတ်တဲ့လူဖြစ်ပါရဲ့ ဘာလို့များ အပျက်သဘောဆောင်တဲ့စိတ်က၀င်နေရတာလဲ လို့တွေးမိနေနိုင်ပါတယ်…။ ဟုတ်ပါတယ်…။ မိမိတို့တွေ အတွေးလွန်မိနေရခြင်းဟာ အပျက်သဘောဆောင်တတ်တဲ့ စိတ်နေစိတ်ထားရှိ နေခြင်းကြောင့်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိအနေနှင့် အရာတွေကိုမြင်တဲ့အခါ အကောင်းဘက်ကနေများများဖြည့်တွေးပေးနိုင်လေလေ အတွေးလွန်မှုဟာလျှော့ကျလာနိုင်မှာဖြစ်ပါတယ်။
ရှေးကတည်းကနှင့် လူတွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် တွေ့ကြုံလာတဲ့အရာတွေအပေါ် ကောင်း၏ဆိုး၏ ခွဲခြားရပါတယ်။ ဒါဟာ survival mechanism လို့ခေါ်တဲ့ အသက်ရှင်ရပ်တည်နိုင်ရေး ယန္တရားလုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အချင်းအရာတစ်ခုနှင့်ကြုံလာပါကလည်း အပြုသဘောထက်၊ ဒီအရာဟာ မိမိအတွက်ထိခိုက်နိုင်လားဆိုတဲ့အချက်ကိုပိုတွေးတတ်ပါတယ်။ ဗီဇလို့တောင်ဆိုနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိတို့ရဲ့အတွေးလွန်မှုဟာ အပျက်သဘောဆောင်တဲ့စိတ်ပိုများနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ရှုမြင်နိုင်ပါလိမ့်မယ်။
၂။ Perfectionist ဖြစ်လိုမှုကြောင့်…
မိမိတစ်ယောက်တည်း စင်းလုံးချောဖြစ်ချင်နေတာတော့မဟုတ်ပါဘူး၊ ဒီအကျင့်က လူတွေမှာ အနည်းအများ ရှိကြပါတယ်။ ကျော်လွန်လာခဲ့တဲ့အရာအပေါ်၊ ဖြစ်ပျက်ခဲ့တဲ့အရာအပေါ်၊ လုပ်မိခဲ့တဲ့အရာအပေါ်မှာ ‘မဖြစ်လိုက်မိရင်’ ကောင်းမှာပဲဆိုတဲ့ အမှားမခံလိုတဲ့ စိတ်ကြောင့် အတွေးလွန်ပြီး စိတ်ပျက်တာတွေ ဖြစ်နေတတ်ကြပါတယ်။ ပြဿနာကြီးရင်ကြီးသလို၊သေးရင်သေးသလိုရိုက်ခတ်မှုကွာနိုင်ပါတယ်။ တစ်ဖက်မှာလည်း လူဆိုတာဟာ မှားနိုင်တဲ့သက်ရှိဆိုတာကို ထည့်တွေး ပေးရမှာဖြစ်ပါတယ်။ ကျွန်တော် ယုံကြည်လာမိတာကတော့ အမှားတွေဟာ ဆရာတွေဖြစ်ပါတယ်။ ဒီအမှားကြောင့်ပဲ မြင်လာမိတယ်၊ သင်ခန်းစာရလာတယ်၊ ဆင်ခြင်လာနိုင်တယ်၊ ပိုကောင်းတဲ့ အတွေးအကြံအလုပ်တွေကို တစ်ဆင့်တိုး လုပ်နိုင်စွမ်းရှိလာတယ်။
ဒါကြောင့်မိမိအနေနှင့် အတိတ်ကအရာတွေကိုကျော်လွန်နိုင်ဖို့ဆိုရင် ‘စင်းလုံးချောဖြစ်ချင်တဲ့’စိတ်နေစိတ်ထားကို စွန့်လွတ်နိုင်ဖို့လိုအပ်ပါမယ်။ တကယ်တော့ လောကရဲ့အကောင်းဆုံးအရာ၊ ပညာရပ်၊ တီထွင်ဖန်တီးမှု၊ စတာတွေဟာ trial and error-စမ်းသပ်ပြုလုပ်ပြီး အမှားတွေကနေတစ်ဆင့် နောက်ထပ် ပိုပြီး ကိုယ်ရချင်တဲ့အဖြေတွေ မြင်လာနိုင်တဲ့အထိကိုခေါ်ဆောင်သွားနိုင်စွမ်းရှိလို့ပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ လောကမှာနေရာပိုရကြတဲ့သူ၊ ပိုတော်တဲ့သူတွေမှာ ကန့်သတ်တွေးခေါ်မှုထက် တိုးတက်လိုစိတ်နှင့် သင်ယူလေ့လာလိုစိတ်၊အမှား မှားခွင့်ပေးထားတဲ့စိတ်တွေရှိနေကြလို့ဖြစ်ပါတယ်။ သေချာပါတယ် ပြဿနာက အမှားထက် အမှားကနေသင်ခန်းစာ မယူနိုင်ခြင်းသာဖြစ်ပါတယ်ဆိုတာကို သတိချပ်ဖို့လိုပါလိမ့်မယ်…။
ဒီအချက်(၂)ချက်ကို လေ့လာသိရှိပြီး မိမိရဲ့နေ့စဥ်ဘ၀တွေကို အတွေးအကြံအလုပ်ကောင်းတွေနှင့်ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Just 15 Spots for 2025!
B’UNIQ-Coaching ရဲ့2025ခရီးစဥ်ကို လူ (၁၅)ဦးနေရာစာကိုသာဖွင့်ပေးမှာဖြစ်ပြီး (၁၂)ချိန်ယူ
သူတိုင်းကို 30% OFFကို ဒီဇင်ဘာလ ၂၀၂၄ခုနှစ်အထိ တိုးမြှင့်ထားပေးထားတာဖြစ်လို့
သင့်ရဲ့ ရှင်သန်ချိန်ကာလမှာ အကောင်းဆုံးကိုယ်-စိတ်-နှလုံး သုံးပါစလုံး ဟန်ချက်ညီစွာ
ဖြတ်သန်းနိုင်ဖို့ အခွင့်အရေးကိုရယူလိုက်ပါနော်…။ Booking
ကိုရယူဖို့ https://tharhtoobeunique.com/booking/ ကနေ နေရာယူထားနိုင်ပါတယ်။
Quote Of the Week
“Focus on progress not perfection.” —Bill Phillips.
စင်းလုံးချောမှုထက် တိုးတက်မှုကိုသာအာရုံစိုက်ပါ။
“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…”
Thar Htoo-Be Unique
www.tharhtoobeunique.com
You can always buy me a cup of Green Tea. Thanks & Much Appreciated. ❤️