"The ideation corner: discover valuable content in one place and apply it to your life."

အိမ်မက်ဆိုးတွေကိုအဆုံးသတ်လိုက်ပြီး…

Share the Love

Thar Htoo-Be Unique

Life Purpose Coach and Edupreneur

ဆယ်စုနှစ် (၂)စုကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ကျွန်တော့်ကို ပြန်လည်ရှာဖွေတွေ့ရှိလိုက်ပါပြီး…။ မပျော်ရွှင်နေခဲ့တဲ့ညများစွာ၊ ကြောက်ရွံ့နေခဲ့ရတဲ့နေ့များစွာ၊ တုန်လှုပ်နေခဲ့ရတဲ့ လများစွာ၊ မစစ်မမှန်ဘဲ နေထိုင်ခဲ့ရတဲ့ နှစ်များစွာကို ကျွန်တော် သြဂုတ် (၈) ရက်နေ့၊ ၂၀၂၄ခုနှစ်၊ ည (၈) နာရီမှာ coming out လုပ်ခြင်းဖြင့် အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်….။

ဒီလိုတွေကြီးမားတဲ့အရွေ့တွေကိုကျွန်တော်လုပ်နိုင်ဖို့ များစွာ မိမိနဲ့မိမိကြား ကိုယ်တွင်းပဋိပက္ခတွေ၊ ယုံမှားသံသယတွေ၊ အတ္တတွေ၊ မနာလို၀န်တိုမှုတွေ၊ ရှက်ရွံ့မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ လက်မခံချင်ခဲ့မှုတွေ၊ ဟန်ဆောင်မှုတွေ၊ လျှိုထားမှုတွေပေါင်းများစွာကို ခုခံတွန်းလှန် လိုက်အပြီးမှာ ဖြစ်လာခဲ့တာပါ။ တဆက်ထဲမှာလည်း ဘယ်လိုဘယ်ပုံအရွေ့တွေကို လုပ်ရမလဲ၊ မိမိကိုယ်ကိုယ်ဘယ်လိုပြန်လည် လက်ခံရမလဲ၊ ခံယူရမလဲ ဆိုတာတွေအတွက်လည်း သင်ယူမှု၊ လေ့လာမှု၊ နားလည်မှု၊ ချိတ်ဆက်မှု၊ ရှင်းလင်းမှု၊ ကြုံဆုံမှု စတဲ့ပြုပြင်ပြောင်းလဲမှုများကို အားတက်သရောလုပ်နေခဲ့ပါတယ်။ ကျွန်တော်လုပ်နိုင်တဲ့အတိုင်းအတာမှန်သမျှကို ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။

ကျွန်တော့်အတွက်ကြီးမားတဲ့ မျှော်လင့်ချက်ကတော့ ‘လူတွေရဲ့မိမိအပေါ်လက်ခံပေးမှု’ ပဲဖြစ်ပါတယ်။ မတိုင်ခင်က စိတ်ထဲပုံဖော်ထားတာကတော့ လူတွေငါ့ကို ဘယ်လိုတွေအပြစ်တွေပုံချမလဲ၊ထိုးနှက်မလဲ၊ ေ၀ဖန်မလဲ၊ တွန်းချမလဲ၊ နှိပ်ကွပ်မလဲ ဆိုတဲ့အရာတွေကြီးစိုးနေခဲ့ပါတယ်။ ဒါတွေက ဘာကြောင့် ကျွန်တော့်ပုံပြင်တွေထဲမှာရှိနေခဲ့ရသလဲဆိုရင်-ကိုယ်တွေ ေ၀ဖန်ခံရဖူးတာ၊ လှောင်ခံရဖူးတာ၊ အရှက်ခွဲခံရဖူးတာ…၊ နာမည်ခေါ်ခံရဖူးတာ၊ အစွဲကြီးတဲ့ပတ်၀န်းကျင်နဲ့ကာရံခံနေခဲ့ရတာ၊ လက်မခံတဲ့ပတ်၀န်းကျင်မှာနေခဲ့ရတာ၊ ဖြစ်တည်မှုကို ပြုပြင်ချင်ပြီး စစ်မှန်မှုကို မျက်ကွယ်ပြုတဲ့ နေရာမှာ ကာလတစ်ခုထိရှိနေခဲ့တာ စတဲ့အရာတွေကြောင့် ကျွန်တော့်အတွေးထဲမှာ coming out လုပ်ဖို့ လွန်စွာ စိုးရိမ်ထိန့်လန့်နေခဲ့မိပါတယ်…။

အမှန်တကယ် coming out လုပ်လိုက်အပြီးမှာ လူတွေရဲ့တုန့်ပြန်မှုတွေဟာ ထင်ထားသလိုဖြစ်မနေဘဲ ကျွန်တော့်အတွက်ခွန်အားတွေရခဲ့ပါတယ်။ မိသားစု၀င်များ၊ မိတ်ဆွေများ၊ ကျောင်းသား/သူများ၊ လုပ်ဖော်ကိုင်ဘက်များ၊ ဆရာ/မ များနှင့် ပရိသတ်များထံမှ အားပေးလက်ခံတဲ့ စကားတွေကို ကြားခဲ့ရလို့ အလွန်၀မ်းမြောက်ပီတိဖြစ်ရပါတယ်…။ တကယ်လည်းကျွန်တော် အချိန်တန်ပြီးဟု မှတ်ယူလို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနောက်ကွယ်မှာတော့ ၀မ်းတွင်းအသိဥာဏ်ကနေလည်း များစွာ သတင်းစကားတွေပေးနေပါတယ်…။ တကယ်တော့ ကျွန်တော် coming out လုပ်ဖို့စီစဥ်ထားခြင်းမရှိဘဲ သြဂုတ် (၈)ရက်နေ့မနက်မှာ ရင်ထဲပိုပြီး intuition တွေရဲ့သတင်းစကားတွေဟာကျယ်လှောင်နေခဲ့ပါတယ်…။ထိုနေ့အတွင်း sign တွေလည်းပြတယ်၊ စျေး၀ယ်၊တက္ကဆီစီးတာကအစ ကုန်ကျငွေတွေဟာ (၈)ဂဏန်းပူးတွေနဲ့ ထိုပေါင်းဂဏန်းတွေ၊ ဖြစ်နေတာဟာလည်းအလွန်ထူးဆန်းစေခဲ့ပါတယ်။ စကြာ၀ဠာကနေ ‘မင်းမဖြစ်မနေ ဖွင့်ချပြရတော့မယ်ဆိုတဲ့ အချိန်အခါသမယလို့’ ယူဆခဲ့မိပါတယ်။

တကယ်လည်းကျွန်တော့်စိတ်ထဲမှာ အရင်လိုအတွေးလွန်လေ့မရှိတော့ဘဲ ချမယ်၊လုပ်မယ်၊ ပြောမယ်၊ တင်မယ်ဆိုတဲ့ ရဲရင့်တဲ့စိတ်တွေဟာ မွေးဖွားနေခဲ့ပါတယ်။ အခုမပြောလည်း နောက်တော့ ပြောရမဲ့အတူ ဘာထူးသေးလဲ ဆိုပြီးမြင်ခဲ့တယ်။ စစ်မှန်တဲ့လူတွေကျန်မယ်၊ မစစ်မှန်သူတွေမိမိဆီက ထွက်ခွာမယ်၊ လူတွေရဲ့အဖြူအမည်းတုံ့ပြန်မှုကို ရမယ်ဆိုတဲ့ ထင်မြင်ချက်ကိုတွေးထားနေခဲ့ပါတယ်။ ကိုယ်နဲ့ကိုယ်ကြား ရင်ကြားစေ့ပြီး ဘယ်လိုမျိုး တစ်ခုတည်းပြန်ပေါင်းစီးမလဲဆိုတာတွေကိုလည်း သိမြင်ခဲ့ပါတယ်။ coming out ရဲ့ရလဒ်က ကျွန်တော့်ရဲ့ စိတ်-ခန္ဓာ-၀ိဥာဏ်တွေဟာ တစ်သားတည်းဖြစ်စေပြီး ထိုအရာတွေဟာ စတင်ကုစားလာနေတယ်လို့ခံစားမိပါတယ်။ ဒီအတောအတွင်း ဖျားနာနေတာလည်းဖြစ်တယ်၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု၊ စိတ်ခံစားမှု၊ ကျေနပ်မှု၊ ပီတိဖြစ်မှု၊ ၀မ်းမြောက်ပျော်ရွှင်မှုတွေကို ကိုယ်တွေ့ခံစားရလို့ တကယ့်မိမိကိုယ်ကိုယ် လက်ခံခြင်းဟာ လွန်စွာမှ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုတာကို ကြုံတွေ့လာပါတယ်။

ခံစားချက်ဟောင်းများ၊ အတွေးအကြံ၊အလုပ်ဟောင်းများ၊ ဟန်ဆောင်မှုများနှင့် ကိုယ်တွင်းမလုံခြုံမှုများဟာလည်း လျှော့ကျပြီး body system upgrade ဖြစ်သလို ခံစားရပါတယ်။ တနည်းအားဖြင့် မိမိအနေနဲ့ စိတ်နဲ့ခန္ဓာ၀ိဥာဏ်အကျဥ်းကျခြင်းမှ လွတ်မြောက်စေခဲ့သလိုရှိစေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဘ၀ခရီးစဥ်အပေါ်ပိုကောင်းတဲ့ပုံဖော်မှုတွေနဲ့ ဖန်တီးသွားမှာဖြစ်ပြီး မိမိရဲ့ဘေးကလူတွေကိုလည်း တတ်နိုင်တဲ့ဘက်က တွဲကူပေးသွားမှာဖြစ်ပါတယ်။ Transformation journey is not for one but for everyone. We grow with community and tribe.

ကျွန်တော့်ရဲ့ Coming Out Story ကိုလည်း Project Be Unique YouTube Channel မှာ နာရီ၀က်စာတင်ပြမျှ ေ၀ပေးထားတာမို့ အချိန်အားခဲ့လျှင်လည်း သွားရောက်လေ့လာသင်ယူနိုင်ပြီး ခရီးတူသူများအနေနဲ့လည်း အားယူနိုင်ကြပါစေလို့ ဆုတောင်းပေးအပ်ပါတယ်ဗျာ။

‘Be You’ Community for You!

မိမိအနေနဲ့ မည်သို့သောအခြေအနေမျိုးမှာမဆို (သို့) Identity Crisisတွေကြားရုန်းကန်နေရသူတစ်ဦးဖြစ်နေပါသလား၊ မိမိကိုယ်ကိုယ်ပြန်လည်ရှာဖွေဖို့ အားယူနေပါသလား၊ လူတွေရဲ့ေ၀ဖန်မှုတွေကြောင့် ရုန်းထွက်ဖို့ ခက်ခဲနေပါသလား…ဒါဆိုရင်တော့ ‘Be You’ Telegram private communityလေးရှိပါတယ်နော်။ အသိပညာဓါနလေးဖြစ်လို့လွတ်လပ်စွာချိတ်ဆက်၀င်ရောက်ထားနိုင်ပါတယ်ဗျာ။

Be You Telegram Group Link

Quote of The Week

“You change the world by being yourself.”–Yoko Ono

မိမိကိုယ်ကိုယ်စစ်မှန်စွာနဲ့လက်ခံနေထိုင်ခြင်းဖြင့်သာ လောကကိုပြောင်းလဲပေးနိုင်မှာဖြစ်တယ်။ –ယိုကိုအိုနို

အနေးနဲ့အမြန် မိမိကိုယ်ကိုယ်ပြန်လည်ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ဗျာ။

Sending Hugs and Love ❤️ to you all!

Thar Htoo-Be Unique

www.tharhtoobeunique.com

Ramkhamhaeng 24, Yeak 34,, Bangkok, Bankapi 10240
Unsubscribe · Preferences

Share the Love