ကိုယ်မပါဘဲ ကမ္ဘာကြီးက လည်ပတ်နေမှာပါ

ကမ္ဘာလောကကြီးက မည်သို့ပဲ သူ့အတိုင်း လည်ပတ်နေလင့်ကစား မိမိတို့ရဲ့ ဘ၀မှာ အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရာကိုပြောပါဆိုရင် “လူတွေရဲ့ အတွေးအမြင်အပေါ်မှာအလွန်အမင်း အာရုံစိုက်မိနေခြင်း-Fear of People’s Opinion (FOPO) ပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ သစ်လွင်နေတဲ့ ဘ၀ဥယျာဥ်ကို ဖန်တီးပါ

ကိုယ့်အတွက် စစ်မှန်တဲ့ ဘ၀အသိုက်အမြုံလေးကို တည်ဆောက်ဖို့ မေ့နေကြခြင်း ဖြစ်နေပါတယ်။ ရလဒ်က မိမိတို့ရဲ့ စိတ်ပါ၀င်စားမှု, နှစ်သက်မှု, ကိုယ်ဆိုတာကို နားလည် သိမြင်မှု, စတာတွေကို ပြန်လည်မတူးဆွနိုင်ဖြစ်ရပါတော့တယ်။ ထိုမှတစ်ဆင့် မိမိကိုယ်ကိုယ် ပျောက်ဆုံးနေတတ်စေပါတယ်။
မသိခြင်းလေဟာနယ်မှာ တည်ငြိမ်မှုနဲ့ ရင်ဆိုင်ပါ

ဖြစ်တည်မှုအရ မိမိတို့ရဲ့ ဦးနှောက်က ကြီးကြီးသေးသေး မည်သို့သော ခြိမ်း-ခြောက်မှုမျိုး ကိုမဆို တုံ့ပြန်တဲ့အခါ မခွဲခြားဘဲ အားနဲ့အင်နဲ့သာ တုံ့ပြန်တတ်လေ့ရှိတာကြောင့် စိုးရိမ်ပူပန်ဟာ လျှော့ကျသွားခြင်းမရှိနေပါဘူး…။