ကိုယ့်ရဲ့ကွက်လပ်တွေကို ဖြည့်သူက ကိုယ်ပါပဲ

အရေးကြီးသည်မှာ ကွက်လပ်တွေကို ဖြည့်ဆည်းတဲ့အခါ အပေါ်ယံ ဆန်သောနည်းများ, မကျန်းမာသောနည်းများ, စွန့်စားမှု လွန်ကွဲစွာပြုရသော နည်းများ, စတဲ့ နည်းလမ်းများဖြင့် ဖြည့်ဆည်းခြင်းဖြင့် အမှန်တကယ် ကွက်လပ်တွေကို ဖြည့်ဆည်းပေးလိုက်ခြင်း မဟုတ်ဘဲ, ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ ကိုသာ ဖိတ်ခေါ်စေလိုက် သလို ဖြစ်နေနိုင်ပါတယ်။

ကိုယ့်ရဲ့ ဘ၀ညီမျှခြင်းတွေမှာ စိတ်ချယုံကြည်ပါ

လောကရဲ့ကြီးမားတဲ့ စိန်ခေါ်မှုတွေများစွာ ရှိကြတဲ့အထဲ ‘ဘ၀ညီမျှခြင်း’ မှ ရရှိတဲ့ စိန်ခေါ်မှုတွေက အခြားသော စိန်ခေါ်မှုတွေထက် ပို၍ပင် အားကောင်းနေကြောင်း, လှုပ်ခပ်မှုကြီးကြောင်း, တစ်ဆစ်ချိုးပြောင်းလဲနိုင်ကြောင်း, လွှမ်းမိုးနိုင်ကြောင်း လက်တွေ့ ခံစားသိမြင်နိုင်ပါလိမ့်မယ်။

စစ်မှန်တဲ့ အတုံ့အလှည့်တွေကိုသာ လက်ခံရရှိစေပါ

တစ်ဖက်အခြမ်းက ဒီလိုမျိုးဖြစ်ရမယ်, ဟိုလိုမျိုးဖြစ်ရမယ်, ဒီလိုတော့ မလုပ်သင့်ဘူး, ဟိုလိုလုပ်သင့်တယ် စတဲ့ ‘သင့်တယ်’ ဆိုတဲ့ ပုံဖော်ထားမှုက အားကောင်းနေနိုင်ပါတယ်။

ကိုယ့်ရဲ့ သစ်လွင်နေတဲ့ ဘ၀ဥယျာဥ်ကို ဖန်တီးပါ

ကိုယ့်အတွက် စစ်မှန်တဲ့ ဘ၀အသိုက်အမြုံလေးကို တည်ဆောက်ဖို့ မေ့နေကြခြင်း ဖြစ်နေပါတယ်။ ရလဒ်က မိမိတို့ရဲ့ စိတ်ပါ၀င်စားမှု, နှစ်သက်မှု, ကိုယ်ဆိုတာကို နားလည် သိမြင်မှု, စတာတွေကို ပြန်လည်မတူးဆွနိုင်ဖြစ်ရပါတော့တယ်။ ထိုမှတစ်ဆင့် မိမိကိုယ်ကိုယ် ပျောက်ဆုံးနေတတ်စေပါတယ်။

အိပ်စက်နေတဲ့ အစွမ်းအစတွေကို ပြန်လည်နိုးထစေပါ

“ဒါဟာ ငါနဲ့ တကယ်ရော ထိုက်တန်ရဲ့လား” ဆိုတဲ့ မသိစိတ်ရဲ့ တွန်းကန်မှုတွေက အားကြီးနေ နိုင်ပါတယ်။ ဒီလိုကြောင့်ပဲ ကိုယ်ဟာ လုပ်နေသလောက်, ရနေသလောက် မထိုက်တန်ဘူးလို့ တွေးမိနေနိုင်ပါတယ်။

စမှတ်တွေ ကျန်းမာနေဖို့ လိုပါတယ်

ကြိုးစားမှုတွေကို အထင်မကြီးတော့ဘဲ ဘယ်သူမြန်မြန် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရောက်ဖို့ကသာ အဓိက ဆိုတဲ့ စံနှုန်းတွေခေတ်ဆိုတဲ့အောက် ကျရောက်သွားတဲ့အခါ ကိုယ့်အနေနဲ့ ‘မှန်မှန်သွားနေမိတာတောင်’ သံသယ၀င်လာလေ့ရှိနေပါတော့တယ်…

ကျရှုံးခွင့်ပြုခြင်းဟာ အမြင်ကျယ်ခြင်းပါ

တကယ်တော့ ‘ကျရှုံးခွင့်ပြုခြင်းဟာ အမြင်ကျယ်ခြင်းဖြစ်ကြောင်း’ ပညာရှင်တွေ ဆိုထားကြပါတယ်။ တစ်နည်းအားဖြင့် မိမိတို့မျှော်မှန်းထားတဲ့အရာတွေအပေါ် မမျှော်လင့်ထားတဲ့ပြင်ပအရာများရဲ့ ရိုက်ခတ်မှုတွေကိုပါ ထည့်သွင်းစဥ်းစားထားနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

အတက်အကျဖြစ်စဥ်မှာ နေသားကျစေပါ

ဖြစ်စဥ်ရဲ့သဘောသဘာ၀ကို၌က ခန့်မှန်းရခက်တဲ့ ဘ၀ရဲ့ ပဟေဠိဆန်တဲ့ ခရီးဆိုတာကြောင့် လှိုင်းတွေလို တစ်ရှိန်ထိုး တက်သွားနိုင်မယ်, တစ်ရှိန်ထိုးလည်းကျသွားနိုင်မယ်, ဒါမှမဟုတ် နေမြဲနေဆဲ နေရာမှာ ကာလတစ်ခုထိ တည်တံ့နေနိုင်မှာဖြစ်တယ်။

သင့်ရဲ့ အားသန်ရာတွေကို ပြန်လည်ရှာဖွေပါ

ရှင်သန်ကြီးပြင်းရာပတ်၀န်းကျင်, သင်ယူတတ်မြောက်ခဲ့ရတဲ့ ပညာရေးစနစ်မှာ မိမိရဲ့အားသန်ရာတွေကိုမြင်ဖို့မလွယ်ကူစေဘဲ အများနည်းတူလိုက်လုပ်ရတဲ့အရာတွေ, ဘာသာရပ်တွေ,လေ့လာမှုတွေ ကြောင့် မိမိတို့ရဲ့ ပင်ကို ကျွမ်းကျင်တဲ့အရာတွေ, အားသန်ရာတွေဟာ ရှိလို့ရှိမှန်း, သတိမထားမိဘဲ တိမ်မြုပ်နေကြရပါတယ်။

‘ကိုယ်’ ဖြစ်ဖို့ပဲလိုပါတယ်

ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ ဘ၀အမြော်အမြင်များက ကိုယ်ဆိုတာကို ပိုမိုအသက်သွင်းစေပါတယ်။ ဒါတွေဟာ ရုပ်ပြောင်းရုပ်လွဲ အတုအယောင်ဖန်တီးလို့ရတဲ့ထဲ ပါ၀င်နေခြင်းမရှိပါဘူး။