မိမိအနေနဲ့ ဘ၀မှာ တန်ဖိုးတွေပျောက်နေသလိုဖြစ်နေလား?
စိတ်မလုံခြုံသလို၊ ဘ၀မှာသံသယတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ထွေးပိုက်နေထိုင်နေရလား?
မဖြစ်လာသေးပေမဲ့ ကြိုတင်ပူလောင်ပြီး စိတ်ကိုပဲဖိစီးမှုတွေပိုပေးနေမိလား…?
ဒီလို မနှစ်မြို့တဲ့အရာတွေနဲ့ ေ၀းတဲ့နေရာကိုသွားချင်တယ်၊
ဘ၀မှာ ခံစားချက်တွေကိုနိုင်နင်းစွာနဲ့ စီမံခန့်ခွဲလိုချင်တယ်ဆိုရင်တော့
အခုပြောပြမဲ့ Neurocycle က သင့်အတွက်ဖြစ်ပါလိမ့်မယ်နော်…။
Neurocycle ဆိုတာဘာလဲ?
Neurocycle ဆိုတာယေဘုယျအားဖြင့် စိတ်တွေကိုစီမံခန့်ခွဲမှု၊ စိတ်ကျန်းမာရေးကောင်းမွန်မှု၊
ဦးနှောက်တွေရဲ့လုပ်ဆောင်မှုကို တိုးတက်စေမှု ဖြစ်စေတဲ့ ဖြစ်စဥ်၊ ကျင့်စဥ်တစ်ခုဖြစ်ပါတယ်။
Neurocycle ထဲမှာ မဖြစ်မနေ ပါ၀င်တဲ့အရာ (သို့)အဆင့် (၅)ခု ရှိပါတယ်။
၁။ အချက်အလက်တွေကိုစုဆောင်းတာ (Gather)
မိမိအနေနဲ့ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်၊ အတွေးတွေ၊ စိတ်အခြေအနေတွေ၊
အပြုအမူတွေကို သတိကပ်ပြီး ပြန်လည်စုဆောင်းတာမျိုးဖြစ်ပါတယ်။
၂။ ဆင်ခြင်တာ (Reflect)
ကိုယ့်အနေနဲ့ ဘာကြောင့်ဒီလိုမျိုးတွေးနေရလဲ? ပြုမူနေရလဲ? မိမိအနေနဲ့
ထိုစိတ်ထဲကဖြစ်ပျက်နေတဲ့အရာတွေကို ဆင်ခြင်ပြီးမေးခွန်းမေးတာ မျိုး
လုပ်ဆောင်ခြင်းဖြစ်တယ်။
၃။ ချရေးခြင်း (Write)
ထို စုဆောင်းထားတဲ့အချက်အလက်နဲ့၊ ဆင်ခြင်မှု တွေကို ဓမ္မဓိဌာန်ကျကျ
ပြန်လည်ချရေးပြီး ဆန်းစစ်တာ၊ သုံးသပ်တာမျိုး ေ၀ဖန်ပိုင်းခြားတာမျိုး လုပ်ခြင်းဖြစ်တယ်။
၄။ တဖန်ပြန်စစ်တာ (Recheck)
ဒီအဆင့်ကတော့ ပိုက်စိပ်တိုက်စစ်တာမျိုးဖြစ်တယ်။ အပေါ်အဆင့် (၂) (၃) မှာ မှားယွင်းမှုရှိမရှိ
ဘက်လိုက်မှုရှိမရှိ ထပ်မံစစ်ဆေးခြင်းဖြစ်တယ်။ screening လုပ်သလိုပါ။
(၅) လက်တွေ့လုပ်ဆောင်ပြီး ပြုပြင်ခြင်း (Active Reach)
တနည်းအားဖြင့် မိမိအနေနဲ့ ထိုပြုပြင်သင့်တဲ့အရာတွေကို အထက်ပါ
လုပ်ဆောင်မှုအဆင့်တွေပြီးတဲ့အခါ စတင်ပြောင်းလဲမှုလုပ်ဆောင်ခြင်းဖြစ်တယ်။
အတွေးတွေကိုမှန်ကန်အောင် ပြန်လည်တည့်မတ်တာ၊ ဥပမာ အတွေးလွန်တာတွေကို
ပြန်လည်ထိန်းယူတာ၊ အလုပ်မဖြစ်တဲ့ပုံစံတွေကို စတင်ပြီး သတိကပ်စောင့်ကြည့်ကာ
ပုံစံပြောင်းယူတာ စသဖြင့်…လုပ်ဆောင်နိုင်ပါတယ်။
တကယ်တော့ ဒီ neurocycle ဟာ မိမိတို့ရဲ့ဦးနှောက်ရဲ့စွဲထင်နေတဲ့အလုပ်မဖြစ်တဲ့အတွေးတွေ၊
အကြံအဆတွေကို ပြန်လည်တည့်မတ်ပေးတာမို့ လူတိုင်း လေ့ကျင့်လုပ်ဆောင်သင့်ပါတယ်။
ဂျာနယ်ချရေးတဲ့အခါမှာလည်း ထည့်သွင်းပေါင်းစပ်နိုင်တဲ့
နည်းလမ်းကောင်းတစ်လက်ဖြစ်ပါတယ်ဗျာ။
ဒီ neurocycle လုပ်ခြင်းဟာဦးနှောက်ကို မှန်ကန်စွာ ပြန်လည် သွယ်တန်းထားစေတာမို့
အလွန်အသုံး ၀င်တဲ့ ကျင့်စဥ်ဖြစ်ပါကြောင်း
တင်ဆက်ပေးလိုက်ပါတယ်။
Youth for Life EP.3 Is Up!
လူငယ်တွေက လှုပ်လှုပ်ရှားရှားနေတတ်လို့ကြံ့မာကြံ့ခိုင်မှုကို ပြောစရာမလိုဘူးဆိုပေမဲ့
မျှတတဲ့ ကျန်းမာတဲ့နေထိုင်နည်းတွေဖြစ်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။
ငယ်ရွယ်တဲ့အခါ တွေ့တရ စမ်းသပ်ချင်ကြတယ်၊ ဘာရှိလဲ? ဘယ်လိုဖြစ်သွားမလဲ?
လုပ်တော့ရောဘာဖြစ်မလဲ ဆိုတာတွေကို စူးစမ်းချင်ကြလို့ မဖြစ်သင့်တာမဖြစ်အောင်
ဂရုစိုက်သွားဖို့ လူကြီးတွေမှာတာ၀န်အပြည့်ရှိပါတယ်။
အကြောင်းစုံကို ဗီဒီယိုထဲမှာလေ့လာနိုင်ပါတယ်ဗျာ။
Get B’UNIQ’s Coaching Packages!
သင်နဲ့သင်ကြား ထပ်တူကျခွင့်အတွက် အချိန်စောင့်နေဦးမှာလား?
ပိုကောင်းတဲ့ဗားရှင်းနဲ့ရွက်လွင့်ဖို့အတွက် ဘယ်အထိရွေ့နေဦးမလဲ?
၂၀၂၄ ကလည်းကုန်တော့မယ်၊ မှန်းထားတာတွေအတွက်
ဗြောင်းဆန်ဖြစ်နေလို့ ဘာဆက်လုပ်ရမလဲမသိတော့ဘူး…?
ဒါဆိုရင်တော့…Youths Hour, Diversity Hour, Clarity Hour Coaching Packages တွေကို
ရယူဖို့ တံခါးဖွင့်ထားပါတယ်။ အကြောင်းစုံကိုတော့ အောက်ပါလင့်ခ်မှာ
ကြည့်ရှုနိုင်ပါတယ်ဗျာ။ အားလုံးပိုမိုကောင်းမွန်ရှင်းလင်းတဲ့
ဘ၀တွေကို ဖမ်းဆုတ်နိုင်ပြီး ဖန်တီးနိုင်ကြပါစေ။
Quote of The Week
“Think higher, feel deeper.” — Elie Wiesel
ဘ၀ဆိုတာသာမန်ခရီးမဟုတ်လို့ မြင့်မြင့်ကြံ၊ နက်နက်ခံစားကြည့်ပါ…။
ပိုကောင်းတဲ့ အတွေး,အကြံ,အလုပ်တွေနဲ့ နေ့စဥ်ဘ၀တွေကို ဖြောင့်ဖြူးစွာ
မောင်းနှင်နိုင်ကြပါစေဗျာ။
Thar Htoo-Be Unique