"The ideation corner: discover valuable content in one place and apply it to your life."

မိသားစု၀င်ကောင်းတစ်ဦး ဖြစ်ဖို့ပဲ လိုပါတယ်

မိဘဘက်က သိ၍ဖြစ်စေ, မသိ၍ဖြစ်စေ ပြောဆိုဆုံးမ,လိုက်သည်များဟာ ကလေးရဲ့ မှတ်ဥာဏ်ထဲ၌ ကိန်းအောင်းစေပြီး ကလေးရဲ့အတွေးအကြံအလုပ်တွေဆီ သက်ရောက်စေနိုင်ပါတယ်။

အိပ်စက်နေတဲ့ အစွမ်းအစတွေကို ပြန်လည်နိုးထစေပါ

“ဒါဟာ ငါနဲ့ တကယ်ရော ထိုက်တန်ရဲ့လား” ဆိုတဲ့ မသိစိတ်ရဲ့ တွန်းကန်မှုတွေက အားကြီးနေ နိုင်ပါတယ်။ ဒီလိုကြောင့်ပဲ ကိုယ်ဟာ လုပ်နေသလောက်, ရနေသလောက် မထိုက်တန်ဘူးလို့ တွေးမိနေနိုင်ပါတယ်။

စမှတ်တွေ ကျန်းမာနေဖို့ လိုပါတယ်

ကြိုးစားမှုတွေကို အထင်မကြီးတော့ဘဲ ဘယ်သူမြန်မြန် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရောက်ဖို့ကသာ အဓိက ဆိုတဲ့ စံနှုန်းတွေခေတ်ဆိုတဲ့အောက် ကျရောက်သွားတဲ့အခါ ကိုယ့်အနေနဲ့ ‘မှန်မှန်သွားနေမိတာတောင်’ သံသယ၀င်လာလေ့ရှိနေပါတော့တယ်…

ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါ

တစ်နည်းအားဖြင့် ကိုယ့်လိုတူတဲ့သူဆိုလို့ ကိုယ်ပဲရှိပါတယ်။ မြင်အောင်ကြည့်ရရင် ကိုယ့်ရဲ့ ‘မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်’, ပြီးရင် ‘အနာဂတ်မှာဖြစ်လာမဲ့ ကိုယ်’ ဆိုတဲ့ အခြေအနေသုံးရပ်ကြားမှာသာ အကဲဖြတ်နိုင်စွမ်းရှိနေပါတယ်။ 

ကျရှုံးခွင့်ပြုခြင်းဟာ အမြင်ကျယ်ခြင်းပါ

တကယ်တော့ ‘ကျရှုံးခွင့်ပြုခြင်းဟာ အမြင်ကျယ်ခြင်းဖြစ်ကြောင်း’ ပညာရှင်တွေ ဆိုထားကြပါတယ်။ တစ်နည်းအားဖြင့် မိမိတို့မျှော်မှန်းထားတဲ့အရာတွေအပေါ် မမျှော်လင့်ထားတဲ့ပြင်ပအရာများရဲ့ ရိုက်ခတ်မှုတွေကိုပါ ထည့်သွင်းစဥ်းစားထားနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

တက်လမ်းရှိတဲ့ရပ်၀န်းမှာ ရွှေ့ပြောင်းနေထိုင်ပါ

ဘ၀မှာ တိုးတက်ပြောင်းလဲသွားတဲ့, တိုးတက်ပြောင်းလဲနေတဲ့ လူတွေကို ကြည့်ရင် သူတို့နေထိုင်ရာ, ကာရံရာ, ပေါင်းသင်းဆက်ဆံရာ လူနဲ့နေရာတွေဟာ သူတို့ရချင်ရောက်ချင်တဲ့ နေရာတွေဆီ ပံ့ပိုးပေးနေနိုင်ကြောင်း မျက်ဝါး ထင်ထင် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

အတက်အကျဖြစ်စဥ်မှာ နေသားကျစေပါ

ဖြစ်စဥ်ရဲ့သဘောသဘာ၀ကို၌က ခန့်မှန်းရခက်တဲ့ ဘ၀ရဲ့ ပဟေဠိဆန်တဲ့ ခရီးဆိုတာကြောင့် လှိုင်းတွေလို တစ်ရှိန်ထိုး တက်သွားနိုင်မယ်, တစ်ရှိန်ထိုးလည်းကျသွားနိုင်မယ်, ဒါမှမဟုတ် နေမြဲနေဆဲ နေရာမှာ ကာလတစ်ခုထိ တည်တံ့နေနိုင်မှာဖြစ်တယ်။

သင့်ရဲ့ အားသန်ရာတွေကို ပြန်လည်ရှာဖွေပါ

ရှင်သန်ကြီးပြင်းရာပတ်၀န်းကျင်, သင်ယူတတ်မြောက်ခဲ့ရတဲ့ ပညာရေးစနစ်မှာ မိမိရဲ့အားသန်ရာတွေကိုမြင်ဖို့မလွယ်ကူစေဘဲ အများနည်းတူလိုက်လုပ်ရတဲ့အရာတွေ, ဘာသာရပ်တွေ,လေ့လာမှုတွေ ကြောင့် မိမိတို့ရဲ့ ပင်ကို ကျွမ်းကျင်တဲ့အရာတွေ, အားသန်ရာတွေဟာ ရှိလို့ရှိမှန်း, သတိမထားမိဘဲ တိမ်မြုပ်နေကြရပါတယ်။

‘ကိုယ်’ ဖြစ်ဖို့ပဲလိုပါတယ်

ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ ဘ၀အမြော်အမြင်များက ကိုယ်ဆိုတာကို ပိုမိုအသက်သွင်းစေပါတယ်။ ဒါတွေဟာ ရုပ်ပြောင်းရုပ်လွဲ အတုအယောင်ဖန်တီးလို့ရတဲ့ထဲ ပါ၀င်နေခြင်းမရှိပါဘူး။