"The ideation corner: discover valuable content in one place and apply it to your life."

ကျရှုံးခွင့်ပြုခြင်းဟာ အမြင်ကျယ်ခြင်းပါ

Share the Love

ကျရှုံးမှု ဟာ မိမိတို့ရဲ့ ‘ဆရာတဆူ’ ဖြစ်ကြောင်း Jack Ma ဆိုဖူးပါတယ်။ အကြောင်းက ပိုကောင်းတဲ့ ရလဒ်တွေ, ပိုသာလွန်တဲ့ အဖြေတွေ, ပိုပြောင်မြောက်တဲ့ တီထွင်ဖန်တီးမှုတွေဟာ ကျရှုံးမှုပေါင်းများစွာကြားမှ မွေးဖွားလာကြလို့ ဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းလုပ်ရုံနဲ့ ထိရောက်တဲ့ အဖြေမျိုး ရဖို့ မလွယ်ကူနိုင်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့်  ‘ကျရှုံးမှု’ ဟာ ဖြစ်စဥ်မှာ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ထင်ရှားပါတယ်။  တကယ်လည်း ကျရှုံးမှုကို ရှောင်လွဲဖို့ မဖြစ်နိုင်ဘဲ ထိုအရာက ပို ကောင်းမွန်သော ရွေးချယ်မှုများကို တွန်းပို့နိုင်ကြောင်း မိမိတို့ နားလည်ထားကြပါတယ်။

တကယ်တော့ ‘ကျရှုံးခွင့်ပြုခြင်းဟာ အမြင်ကျယ်ခြင်းဖြစ်ကြောင်း’ ပညာရှင်တွေ ဆိုထားကြပါတယ်။ တစ်နည်းအားဖြင့် မိမိတို့မျှော်မှန်းထားတဲ့အရာတွေအပေါ် မမျှော်လင့်ထားတဲ့ပြင်ပအရာများရဲ့ ရိုက်ခတ်မှုတွေကိုပါ ထည့်သွင်းစဥ်းစားထားနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အကယ်၍ တွက်ထားသည့်အတိုင်း လွဲချော်မှုများဖြစ်ပေါ်လာပါက, မိမိတို့အနေနဲ့ မည်သို့မည်ပုံလွဲချော်ရသလဲကို ကွင်းဆက်လေ့လာနိုင်ပြီး ထိုအရာတွေအတွက် လိုအပ်သော ဖြေရှင်းမှုများကို လိုက်ပါလုပ်ဆောင်နိုင်ခြင်းဖြင့် ကျရှုံးမှုများဆီမှ သင်ခန်းစာများကို ပိုမိုသင်ယူရရှိနိုင်မှာဖြစ်ပါတယ်။

မှန်ပါတယ်၊ ကျရှုံးမှုတွေဟာ ပိုကောင်းလာစေဖို့ ဆိုသော်ငြားလည်း ထိုအပေါ် မလိုချင်ရတဲ့နောက်ကွယ်မှာ ဖြစ်နိုင်တာတွေက ငယ်စဥ်အခါက ကျရှုံးမိတိုင်း, အမှားလုပ်မိတိုင်း ကြည်ဖြူစွာနဲ့ ကြိုဆိုလက်ခံပေးဖို့ထက်  ဘေးကလူတွေအနေနဲ့ အပြစ်တင် ေ၀ဖန်မှုများ, လှောင်ပြောင်မှုများ, အထင်သေးမှုများ, ဖိနှိပ်မှုများ, စတဲ့ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အရာတွေဟာ မိမိတို့အပေါ် ရိုက်ခတ်လာတာကြောင့်  မိမိတို့ရဲ့လုပ်နိုင်စွမ်းတွေအပေါ်မှာ ယုံကြည်ချက်နည်းစေပြီး, သံသယ၀င်စေကာ ထိုမှတစ်ဆင့် ကျရှုံးရမှာကို ပို၍ ကြောက်ရွံ့လာမိလေ့ရှိနိုင်ပါတယ်။

မည်သို့ပဲဖြစ်စေ မှန်ကန်စွာနှလုံးသွင်းဖို့ လိုတာက လူမှန်ရင် ကျရှုံးမှုနဲ့ကြုံရမှာဖြစ်ပြီး ကျရှုံးတာဟာလည်း မိမိရဲ့အလုံးစုံကို မရည်ညွန်းပါဘူး။ တစ်ခုခုကြောင့် ကျရှုံးသွားလို့လည်း မိမိဟာ အရှုံးသမားတစ်ဦးမဟုတ်ကြောင်းနဲ့ မိမိရဲ့ နိုင်တဲ့အားနဲ့ ရသလောက် လုပ်နေဖို့, သင်ယူနေဖို့နဲ့ ကျရှုံးမှုများနဲ့ ကြုံဆုံလာပါက သင်ခန်းစာယူဖို့က ပိုအရေးကြီးပါတယ်။ Dan Lok ဆိုဖူးသလို ‘တစ်ခါတစ်ရံ တိုးတက်မှုတွေကို တိုင်းတာတဲ့အခါ ဘယ်လောက်ရှုံးဆုံးခဲ့ဖူး သလဲအပေါ်မူတည်ပြီး တိုင်းတာလေ့ရှိပါတယ်။’ အကြောင်းက ဒီလိုဆုံးရှုံးဖူးမှ နောက်ထပ် တူညီသောဆုံးရှုံးမှုတွေမဖြစ်နိုင်အောင် တားဆီးလိုက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

ဒီတော့ ကျရှုံးတာဟာ တကယ်ကျရှုံးခဲ့လို့လား?

တကယ်လည်း ကျရှုံးခွင့်ပြုတာဟာ အမြင်ကျယ်လိုက်ခြင်း မဟုတ်လား?

ကျရှုံးမှုများမှ ပိုကောင်းတဲ့သင်ခန်းစာတွေနဲ့အတူ ရှေ့ဆက်နိုင်ပါစေ။

Thar Htoo-Be Unique

Share the Love