ဘ၀မှာ အချိန်တန်ရင် နေရာတစ်ခု ရလာနိုင်မယ်ဆိုတာ သိထားကြပါတယ်…။ မေးခွန်းက ဘယ်တော့လဲ ဆိုတာသာရှိနေနိုင်ပါလိမ့်မယ်…။ ငြင်းလို့မရတာက ကြိုးစားနေသရွေ့ ရောက်ချင်တဲ့ နေရာတစ်ခုဆီ ခရီးနှင်နိုင်မှာ သေချာပါပဲ…။
သို့သော်လည်း ဖြားယောင်းသွေးဆောင်မှု အားကောင်းတဲ့ခေတ်၊ အမြန်လမ်းသွားလိုတဲ့ခေတ်၊ ကြိုးစားမှုတွေကို အထင်မကြီးတော့ဘဲ ဘယ်သူမြန်မြန် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရောက်ဖို့ကသာ အဓိက ဆိုတဲ့ စံနှုန်းတွေခေတ်ဆိုတဲ့အောက် ကျရောက်သွားတဲ့အခါ ကိုယ့်အနေနဲ့ ‘မှန်မှန်သွားနေမိတာတောင်’ သံသယ၀င်လာလေ့ရှိနေပါတော့တယ်…
ငါအမှန်တကယ်မကြိုးစားနေမိလို့လား…
ငါအမှန်တကယ် မတိုးတက်နေတော့လို့လား..
ငါအမှန်တကယ် လုပ်ချင်ကိုင်ချင်စိတ်ရော ရှိသေးလို့လား…ဆိုတဲ့
အတွေးမျိုးတွေ မိမိဆီ၌ ခြယ်လှယ်နေနိုင်တာကို ခံစားရနိုင်ပါတယ်…။
ဒါဟာလည်း မှန်ကန်မှုရှိပြီး မိမိရဲ့ လုပ်နေတဲ့အလုပ်တွေအပေါ် အကောင်အထည်မပြနေနိုင်တဲ့အခါ မည်သူမဆို ဘေးကလူတွေကျော်တက်သွားတဲ့အခါ ချီတုံချတုံ ဖြစ်နေမိမှာအမှန်ပါပဲ…။
သတင်းကောင်းက…
မိမိရဲ့စမှတ်တွေက အမှန်တကယ် ‘ကျန်းမာနေရဲ့လား’ဆိုတဲ့အပေါ်မှာ ယုံကြည်မှုရှိစွာ ဖြေနိုင်နေတယ်ဆိုရင် ကိုယ်ဟာ လမ်းကြောင်းမှန်နေပြီး ကိုယ့်ရဲ့နှုန်းထားအပေါ်မှာသာ ပြန်လည်စိစစ်ရနိုင်ပါလိမ့်မယ်…။ သတိရှိဖို့က ကိုယ့်လမ်းကြောင်းရဲ့ စမှတ်တွေဟာ ‘မကျန်းမာ’နေခဲ့ရင် ပန်းတိုင်သို့ ရောက်သွားလင့်ကစား ‘ပြည့်၀တဲ့’စိတ်ခံစားမှုတွေနှင့် နှစ်ထောင်းအားရဖွယ်ဖြစ်တဲ့ ဘ၀ကို’ ပိုင်ဆိုင်နိုင်ဖို့ ခဲယဥ်းနေနိုင်ပါလိမ့်မယ်…။
ဒီတော့ ကိုယ့်ရဲ့စမှတ်က ကျန်းမာနေပြီးပဲ…
ဘာများပူဆွေးပြီး ရင်လေးနေမိစရာလိုပါ့ဦးတော့မလား…?
တကယ်လည်း
စမှတ်တွေ မမှန်ဘဲ မြန်မြန်နဲ့ရောက်သွားတာထက် စာရင်
စမှတ်တွေမှန်ကန်ပြီး အချိန်တန်ရောက်သွားတာက ပိုသာလွန်ပါတော့တယ်…
စမှတ်တွေမှန်နေတာက ပြန်လှည့်စရာမလိုတော့ဘဲ ခရီးကို တစ်ခါတည်း အရောက်သွားဖို့ဘဲ
လိုနေတော့တာမဟုတ်လား…
‘စမှတ်တွေကျန်းမာစေဖို့….’
Thar Htoo-Be Unique