"The ideation corner: discover valuable content in one place and apply it to your life."

မတူတာတွေကို  ဗွေယူဖို့ လိုရဲ့လား?

Share the Love

ကိုယ်စိတ်၀င်စားတဲ့အရာ, ချစ်ကြိုက်တဲ့အရာ, နှစ်သက်တဲ့အရာတွေကို လူတွေမသိစေနဲ့….

ဘေးကလူတွေကိုလည်း မပြောမိနဲ့…

အပြင်ထွက်တဲ့အခါမှာလည်း လူတွေအမြင်မှာ အဆင်ပြေနေအောင် သတိနဲ့သွားလာ စားသောက်…

မိမိရဲ့စိတ်ခံစားချက်တွေကိုလည်း ရင်သွားမဖွင့်မိစေနဲ့…

လူစုဖွဲ့ပြီး ဝေးလား ဝါးလားလည်းမနေမိစေနဲ့… လူတွေရှေ့ပေါ်တင်နေပြီး ခံစားမပြနေမိနဲ့…

ကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းပစ္စယတွေကို သိုသိုသိပ်သိပ်နဲ့ထား…(တချို့အရာတွေကိုလုံး၀မပြနဲ့)

ကိုယ့်စိတ်ထဲ,ရင်ထဲဖြစ်နေတာတွေကိုလည်း ဘယ်သူမှမသိစေနဲ့….

ကိုယ်ဘာပဲလုပ်လုပ် သတိနဲ့နေ၊ ဆန္ဒကိုသိက္ခာနဲ့ထိန်းပြီး နေထိုင်သွားလာ…

လူတွေရိပ်မိလို့ စနောက်ရင်လည်း သည်းခံပြီး အရမ်းမတုံ့ပြန်မိနဲ့…ကိုယ့်ဘ၀ကိုယ်သိ/နားလည်…

ဘယ်ကိုသွား၊ဘာတွေလုပ်တာကိုလည်း အရမ်း မချပြနဲ့…

ကျားဆိုကျား/မဆိုမ ဆိုတဲ့အမူအယာမျိုးပေါ်လွင်အောင်နေ အပြောအဆို,

အလေ့အကျင့်,အမူအရာ အစစအရာရာကို လူရိပ်လူကဲ ကြည့်ပြီး လုပ်…ရေလိုက် ငါးလိုက်နေ…

စသဖြင့်…

စသဖြင့်…

ဒီလိုမျိုး အထက်က အရာတွေကို ‘new default’ or ‘new normal’နဲ့ မိမိရဲ့အပြင်မှာမြင်ရတဲ့ ‘အဆင်ပြေပါတယ်ဆိုတဲ့ ပုံစံနဲ့ ‘နေထိုင်ရတဲ့လူတစ်စုရှိကြပါတယ်…။

အရိပ်အမြွက် သိသူရှိလောက်မယ်လို့ထင်ပါတယ်…။

မသိသူဆိုရင်လည်းပြောပြပါရစေ…။

ပညာရေးအနေနဲ့ ဗဟုသုတ ဆွေးနွေးပေးခြင်းရှုထောင့်ကသာရေးသွားပါရစေ…။ သူတို့က ကျွန်တော်ကိုယ်တိုင်လည်းပါ၀င်တဲ့ LGBTQI+ (Lesbian, Gay, Bisexual, Trangender, Queer or Questioning, Intersex and more+) ညီကိုမောင်နှမတွေရဲ့ နေ့စဥ်ဖြတ်သန်းရတဲ့ဘ၀ပါ…။

(မိမိအနေနဲ့ ယခု လူနေမှုဘ၀ကို စမ်းသပ်လိုပါကတစ်ရက်လောက် သုတေသနလိုလုပ်ကြည့်ပြီး နေထိုင်ကြည့်ပါ…ဘယ်လောက်ကျဥ်းကျပ်ပြီး ပူထူကာ မွန်းကျပ်နေမလဲဆိုတာကို သိရှိလာနိုင်ပါလိမ့်မယ်…။ ဒါပေမဲ့ come out မလုပ်ရသေးတဲ့ LGBTQI+ တို့ရဲ့နေ့စဥ်လူနေမှု come out လုပ်ပြီးသား တစ်ချို့အတွက်အပြောင်းအလဲ (သို့) အခွင့်အရေးပိုရနေနိုင်ပါတယ်…မူတည်နိုင်ပါတယ်….။)

အထက်က ပြောခဲ့တဲ့ကျဥ်းကြပ်စေတဲ့ အရာတွေက လူမှုအသိုက်အ၀န်း, အပြင်ကလူတွေအတွက်နေထိုင်ရတဲ့ အပေါ်ယံအလွှာပဲရှိပါသေးတယ်…။ ( မိမိနဲ့ ပတ်၀န်းကျင်ကြားက အလွှာ)

နောက်ထပ် အတွင်းလူ အ၀န်းဖြစ်တဲ့ မိသားစု၊ဆွေမျိုးအသိုင်းအဝိုင်း၊ ညီအစ်ကိုမောင်နှမ၊ အသိမိတ်ဆွေ၊ ငယ်ပေါင်း၊ စတဲ့လူတွေနဲ့ နေထိုင်ရမှု တစ်လွှာလိုမျိုးရှိနေပြန်ပါသေးတယ်…။မူတည်နိုင်ပါတယ်…။ တစ်ချို့က သိနေပေမဲ့ မထုတ်ပြောဘဲ ပုံမှန်ပေါင်းသင်းပေးနေတာမျိုးလည်းရှိပါတယ်…။ တစ်ချို့ကလည်း မဖမ်းမိဘဲ အတည် straight-စထရိတ်ထင်ပြီး ပေါင်းနေတာမျိုးလည်းရှိပါတယ်။ (မိမိနဲ့ အတွင်းလူကြားက အလွှာ)

တစ်ဖန် မိမိနဲ့မိမိကြား စိတ်ပဋိပက္ခတွေဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်း ထပ်မံရှိပါသေးတယ်…။ ဘာကြောင့်များ…ဘာကြောင့်များ…ဒီလိုမွေးလာခဲ့ရလဲ…ဖြစ်တည်လာခဲ့ရလဲ…Why me??? ဆိုတဲ့ရေရွတ်ခြင်းတွေက နေ့စဥ်စိတ်ထဲမှာ ဖြစ်တည်နေလေ့ရှိပါတယ်…။ မိမိရဲ့ လက်ခံမှုခရီးစဥ်ဟာလည်း တော်ရုံနဲ့ မဖြစ်လာသေးတဲ့အရာပါ…။ ကိုယ်နဲ့ကိုယ်ကြားတော့ (သိစိတ်(သို့) မသိစိတ်)ထဲကနေလက်ခံနေပေမဲ့ အပြည့်အ၀လက်မခံသေးတာ၊ လူတွေကိုပေးမသိသေးတာမျိုးရှိနေနိုင်ပါတယ်….။ (မိမိနဲ့မိမိကြားက အလွှာ)

ပေးချင်တဲ့ သတင်းစကားကတော့ LGBTQI+ တို့ရဲ့  လူမှန်းအရမ်းမသိတတ်စအရွယ် (ကလေးဘ၀)မှာ လွတ်လပ်စွာနေထိုင်ခဲ့ရတာမျိုးရှိနိုင်မယ်…။ ဒါပေမဲ့ လူမှန်းသိတတ်ပြီး မိမိရဲ့တမူထူးခြားတဲ့ဖြစ်တည်မှုကို သိရှိပြီး ကတည်းက မိမိတို့ရဲ့ ပြုမူကျင့်ကြံမှုတွေကို new default, or adjusted-ပတ်၀န်းကျင်နဲ့ ပနံသင့်အောင် ပြုပြင်နေထိုင်ရတာမျိုးရှိတာကြောင့် အထက်ကဆိုသလို နေ့စဥ် ကိုယ်ရော စိတ်ပါ ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းကြရလေ့ရှိပါတယ်…။ တစ်ဦးချင်းဆီ မူတည်နိုင်ပါတယ်…။

ဆက်လက်ပြီး သဘောသဘာ၀အရ မိမိလို ဖြစ်တည်နေသူတွေအပေါ် စိတ်ထဲ (သိစိတ် (သို့) မသိစိတ်ထဲ) မှာ ကြည့်ရ(သို့) ကြည့်မရ ဆိုတာလည်းရှိပါသေးတယ်။ (ကိုယ့်ထက် ကျားဆန်လား, ကိုယ့်ထက်နွဲ့လားစသဖြင့်…ကိုယ့်ထက်ချောလား, ပိန်လား, ၀လား, မြင့်လား…နှိမ့်လား…အ၀တ်အစား ပြောင်းလဲ၀တ်ဆင်ထားလား…ဆိုတဲ့အပေါ်မှာလည်း အကဲခတ်ဆက်ဆံတာမျိုးလည်းရှိနေနိုင်ပါတယ်…။  မူတည်နိုင်…ပါတယ်။) straight-စထရိတ်တွေလို သူသူငါငါအပေါ်မှာ ကြည်ရ (သို့) ကြည့်မရတဲ့ စိတ်နေစိတ်ထားရှိကြတယ် ဆိုသလိုပါပဲ…။ မူတည်နိုင်…ပါတယ် ။ တနည်းအားဖြင့် ပုထုစဥ်တွေပဲဆိုတဲ့အခါ… discrimination level-နှိုင်းယှဥ်တတ်တဲ့အကျင့် တစ်ခုက လူတိုင်းရဲ့ သိစိတ် (သို့) မသိစိတ်ထဲ ရှိနေတဲ့အနေအထားဆိုတာကို သိမြင်စေတာပါပဲ…။

LGBTQI+ တို့အတွက် Rigid environment-တင်းကျပ်တဲ့၊ မာကျောသလိုအသွင်ရှိတဲ့ လူမှုပတ်၀န်းကျင်မှာရှင်သန်ကြရတဲ့အခါ အမြဲတမ်း ပျော်နေဖို့မလွယ်ပါဘူး…။ ဒါကြောင့်အပြင်သွားလာဘာညာ တွေကိုလုပ်သူ(သို့) မလုပ်သူလည်းရှိနေနိုင်သလို အထီးကျန်မှုဟာလည်း ပိုမိုအဖြစ်များတာမျိုးရှိနိုင်ပါတယ်။ အတွေ့အကြုံအရ LGBTQI+ တွေမှာ social circle-သိကျွမ်းသူနည်းတာ (သို့) ဆက်ဆံရေး အ၀န်းကျဥ်းတဲ့အခါ အပျော်အပါးထက် မိမိတို့ရဲ့ ဘ၀ပန်းတိုင်ကိုသာ အာရုံစိုက်ကြလေ့ရှိတာဖြစ်လို့ ကြိုးစားကြတာ၊ ရာထူး (သို့)လုပ်ငန်း နေရာတစ်ခုမှာ လုပ်ကိုင်ကြတာ ရှိနေကြလေ့ရှိပါတယ်။ မူတည်နိုင်ပါတယ်…။ ဒီလိုလုပ်တဲ့အတွက်ကြောင့် social acceptance-လူမှု လက်ခံမှုက ပိုရတာ၊ ပိုမျက်နှာသာပေးတာမျိုးရှိနေနိုင်ပါတယ်။

LGBTQI+ တို့ရဲ့ ငယ်ဘ၀ နှင့် ဆယ်ကျော်သက်ဘ၀ဟာ သာမန်ဆယ်ကျော်သက်တွေလို ပွင့်လင်းမြင်သာစွာ မနေထိုင်ရတဲ့အခါ အသက်အရွယ်တစ်ခုရမှ ဥပမာ-အသက် (၃၀-၄၀) နှစ် လောက်မှ မိမိကိုယ်ကိုယ် လုံးလျားလက်ခံပြီးမှ လူငယ်ဘ၀လိုမျိုးပြန်စနေရတာမျိုး ရှိနေနိုင်ပါတယ်…။ ဒါကြောင့် RS တစ်ခုမှာ settle downလုပ်ဖို့ မဖြစ်သေးတာ၊ ဘ၀ကို ပိုမို enjoy လုပ်ချင်ကြတာမျိုးရှိကြတဲ့အခါ အသက် (၃၀-၄၀) ကျော်မှ ဘ၀က စတာမျိုးလို့ ယူဆနိုင်ပါတယ်…။ တစ်ချို့အတွက်လည်း အသက်  (၄၀-၅၀)နှစ်မှ အတည်တကျ settle down လုပ်တာမျိုးရှိနေတတ်ပါတယ်။ မူတည်နိုင်ပါတယ်…။

ဒါ့အပြင် identity crisis ကျား(သို့) မ, လား  ဆိုတဲ့အခါ မိမိဟာဘယ်လိုလူလည်းဆိုတဲ့ စိတ်ဒွိဟဖြစ်နေတတ်ပါတယ်။ မွေးရာပါဇီ၀ဖြစ်တည်မှုအရ လိင် s-e-x က (ကျား/မ) ဆိုပြီးငြင်းပယ်လို့မရပေမဲ့ gender-လို့ခေါ်တဲ့ (လိင်စိတ်အပြုအမူ၊ခံယူချက်၊ဖွင့်ဆိုချက်၊-roles, behaviors, expressions and idendities)တွေက လူတစ်ဦးချင်းဆီက ခံယူချက်တွေကွဲပြားသွားကြပါတယ်…။ လိင်စိတ်ခံယူမှု အပိုင်းကတော့ လက်တွေ့အားဖြင့် straight-စထရိတ်တွေအတွက် မိမိရဲ့မွေးရာပါ ဇီ၀ကမ္မ ဖြစ်တည်မှုနဲ့ လိင်စိတ်ခံယူချက်၊ စိတ်ခံစားချက်ဟာ ထပ်တူရှိတဲ့အတွက် သူတို့ရဲ့ identity-ခံယူချက်က ခိုင်မာနေနိုင်သလို အတွင်းအပြင်ကို သက်တောင့်သက်သာစွာ အပူပန်မရှိ ဖြတ်သန်းနေထိုင်နိုင်ကြပါတယ်။ သို့သော် LGBTQI+တို့အတွက်က ထို့သို့မဟုတ်နေဘဲ မိမိရဲ့ဇီ၀ကမ္မ ဖြစ်တည်မှုက အဓိပ္ပာယ်တစ်မျိုး၊ နှလုံးသားစိတ်ခံစားချက်က အဓိပ္ပာယ်တစ်မျိုး၊ စိတ်ပိုင်းဆိုင်ရာခံစားချက်အဓိပ္ပာယ်တွေက တစ်မျိုးဆီ သီးခြားဖြစ်နေနိုင်လို့ စိတ်အတက်အကျပိုများနေတတ်သလို ပြည့်၀စွာနဲ့ မိမိဖြစ်တည်မှုအပေါ် လက်ခံ/မခံ ကလည်း အတိုင်းအတာတွေမူတည်နေနိုင်ပါတယ်…။ ဟော်မုန်းအပြောင်းအလဲဟာလည်းထည့်တွက်ရနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မူတည်နိုင်ပါတယ်…။

အချုပ်အားဖြင့်ဆိုသော် LGBTQI+ဖြစ်တည်မှု ဆိုတာဟာလည်း စိတ်ပညာရှုထောင့်အရ မှားယွင်းနေတာမျိုးမဟုတ်ဘဲ မွေးရာပါဇီ၀ဖြစ်တည်မှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်၀န်းကျင်တို့ရဲ့ ပေါင်းစပ်လွမ်းမိုးမှုကြောင့်ဖြစ်ပြီး ‘ရွေးချယ်ထားခြင်းမဟုတ်ဘဲ’ ပင်ကိုယ်ဖြစ်တည်လာတယ် ဆိုတာနားလည်ထားသင့်ပါတယ်။ ဒါကြောင့် LGBTQI+ ဖြစ်တည်ခြင်းဟာ ကူးစက်တတ်ခြင်းမရှိဘဲ ပြောင်းလဲနိုင်ခြင်းလည်းမရှိပါဘူး…။ လူ့သမိုင်းအရ ဖြစ်တည်လာခဲ့တဲ့ လူ့သဘောသဘာ၀ ဖြစ်စဥ် တစ်ခုသာဖြစ်ပါတယ်။

ဒါကြောင့် မိမိအနေနဲ့ မတူတာတွေကို ဗွေမယူဘဲ လေ့လာသိရှိပြီး ပိုမိုနားလည် လက်ခံပေးသွားနိုင်ကြပါစေလို့ ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ရပါတယ်။

(ကျန်ရှိနေသေးသော dynamics, topics များကိုဆက်လက်ရေးသွားပါဦးမယ်)

“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ”

Thar Htoo-Be Unique

Share the Love