အတက်အကျဖြစ်စဥ်မှာ နေသားကျစေပါ

ဖြစ်စဥ်ရဲ့သဘောသဘာ၀ကို၌က ခန့်မှန်းရခက်တဲ့ ဘ၀ရဲ့ ပဟေဠိဆန်တဲ့ ခရီးဆိုတာကြောင့် လှိုင်းတွေလို တစ်ရှိန်ထိုး တက်သွားနိုင်မယ်, တစ်ရှိန်ထိုးလည်းကျသွားနိုင်မယ်, ဒါမှမဟုတ် နေမြဲနေဆဲ နေရာမှာ ကာလတစ်ခုထိ တည်တံ့နေနိုင်မှာဖြစ်တယ်။

သင့်ရဲ့ အားသန်ရာတွေကို ပြန်လည်ရှာဖွေပါ

ရှင်သန်ကြီးပြင်းရာပတ်၀န်းကျင်, သင်ယူတတ်မြောက်ခဲ့ရတဲ့ ပညာရေးစနစ်မှာ မိမိရဲ့အားသန်ရာတွေကိုမြင်ဖို့မလွယ်ကူစေဘဲ အများနည်းတူလိုက်လုပ်ရတဲ့အရာတွေ, ဘာသာရပ်တွေ,လေ့လာမှုတွေ ကြောင့် မိမိတို့ရဲ့ ပင်ကို ကျွမ်းကျင်တဲ့အရာတွေ, အားသန်ရာတွေဟာ ရှိလို့ရှိမှန်း, သတိမထားမိဘဲ တိမ်မြုပ်နေကြရပါတယ်။