ကိုယ့်ရဲ့ စွမ်းအားတွေကို ပြန်လည်ဖမ်းဆုတ်ရယူပါ

ကိုယ်အပါအ၀င်,ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်း, ကိုယ့်ရဲ့ ဆုံးဖြတ်ချက်, ကိုယ့်ရဲ့ရွေးချယ်မှုတွေဟာ ကိုယ့်တစ်ဦးတည်းမှ လာခြင်းထက်, ပြင်ပ အတွေးအမြင်များ, အယူအဆများ, စံနှုန်းများရဲ့ ပါ၀င်ပတ်သက်မှုက များစွာ လွှမ်းမိုးထားလျက်နေတာကို, ကိုယ်တွေ့ကြုံဆုံရနိုင်ပါတယ်။
ဘ၀လှိုင်းတံပိုးတွေ ကြားမှာ အကောင်းဆုံး ဖြတ်ကျော်ပါ

လူရယ်လို့ဖြစ်လာတဲ့အခါ ဘ၀ကပေးခဲ့တဲ့ ကောင်း၏,ဆိုး၏ ၀န်ထုတ်၀န်ပိုးများ ကိုယ်ဆီ၌ ပါလာခဲ့လို့ ကိုယ့် အနေနဲ့ ‘လုံခြုံတဲ့ဘ၀ကို မျှော်ကိုးနေလင့်ကစား’ ဖြစ်ပေါ်လာတဲ့ အခက်အခဲများစွာကို တစ်နည်းနည်းနဲ့ ရင်ဆိုင်ရမှာ မလွဲပါပဲ။
ကိုယ့်ရဲ့ ဘ၀ညီမျှခြင်းတွေမှာ စိတ်ချယုံကြည်ပါ

လောကရဲ့ကြီးမားတဲ့ စိန်ခေါ်မှုတွေများစွာ ရှိကြတဲ့အထဲ ‘ဘ၀ညီမျှခြင်း’ မှ ရရှိတဲ့ စိန်ခေါ်မှုတွေက အခြားသော စိန်ခေါ်မှုတွေထက် ပို၍ပင် အားကောင်းနေကြောင်း, လှုပ်ခပ်မှုကြီးကြောင်း, တစ်ဆစ်ချိုးပြောင်းလဲနိုင်ကြောင်း, လွှမ်းမိုးနိုင်ကြောင်း လက်တွေ့ ခံစားသိမြင်နိုင်ပါလိမ့်မယ်။
စစ်မှန်တဲ့ အတုံ့အလှည့်တွေကိုသာ လက်ခံရရှိစေပါ

တစ်ဖက်အခြမ်းက ဒီလိုမျိုးဖြစ်ရမယ်, ဟိုလိုမျိုးဖြစ်ရမယ်, ဒီလိုတော့ မလုပ်သင့်ဘူး, ဟိုလိုလုပ်သင့်တယ် စတဲ့ ‘သင့်တယ်’ ဆိုတဲ့ ပုံဖော်ထားမှုက အားကောင်းနေနိုင်ပါတယ်။
ကိုယ်မပါဘဲ ကမ္ဘာကြီးက လည်ပတ်နေမှာပါ

ကမ္ဘာလောကကြီးက မည်သို့ပဲ သူ့အတိုင်း လည်ပတ်နေလင့်ကစား မိမိတို့ရဲ့ ဘ၀မှာ အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရာကိုပြောပါဆိုရင် “လူတွေရဲ့ အတွေးအမြင်အပေါ်မှာအလွန်အမင်း အာရုံစိုက်မိနေခြင်း-Fear of People’s Opinion (FOPO) ပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ သစ်လွင်နေတဲ့ ဘ၀ဥယျာဥ်ကို ဖန်တီးပါ

ကိုယ့်အတွက် စစ်မှန်တဲ့ ဘ၀အသိုက်အမြုံလေးကို တည်ဆောက်ဖို့ မေ့နေကြခြင်း ဖြစ်နေပါတယ်။ ရလဒ်က မိမိတို့ရဲ့ စိတ်ပါ၀င်စားမှု, နှစ်သက်မှု, ကိုယ်ဆိုတာကို နားလည် သိမြင်မှု, စတာတွေကို ပြန်လည်မတူးဆွနိုင်ဖြစ်ရပါတော့တယ်။ ထိုမှတစ်ဆင့် မိမိကိုယ်ကိုယ် ပျောက်ဆုံးနေတတ်စေပါတယ်။
မသိခြင်းလေဟာနယ်မှာ တည်ငြိမ်မှုနဲ့ ရင်ဆိုင်ပါ

ဖြစ်တည်မှုအရ မိမိတို့ရဲ့ ဦးနှောက်က ကြီးကြီးသေးသေး မည်သို့သော ခြိမ်း-ခြောက်မှုမျိုး ကိုမဆို တုံ့ပြန်တဲ့အခါ မခွဲခြားဘဲ အားနဲ့အင်နဲ့သာ တုံ့ပြန်တတ်လေ့ရှိတာကြောင့် စိုးရိမ်ပူပန်ဟာ လျှော့ကျသွားခြင်းမရှိနေပါဘူး…။
အိပ်စက်နေတဲ့ အစွမ်းအစတွေကို ပြန်လည်နိုးထစေပါ

“ဒါဟာ ငါနဲ့ တကယ်ရော ထိုက်တန်ရဲ့လား” ဆိုတဲ့ မသိစိတ်ရဲ့ တွန်းကန်မှုတွေက အားကြီးနေ နိုင်ပါတယ်။ ဒီလိုကြောင့်ပဲ ကိုယ်ဟာ လုပ်နေသလောက်, ရနေသလောက် မထိုက်တန်ဘူးလို့ တွေးမိနေနိုင်ပါတယ်။
ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါ

တစ်နည်းအားဖြင့် ကိုယ့်လိုတူတဲ့သူဆိုလို့ ကိုယ်ပဲရှိပါတယ်။ မြင်အောင်ကြည့်ရရင် ကိုယ့်ရဲ့ ‘မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်’, ပြီးရင် ‘အနာဂတ်မှာဖြစ်လာမဲ့ ကိုယ်’ ဆိုတဲ့ အခြေအနေသုံးရပ်ကြားမှာသာ အကဲဖြတ်နိုင်စွမ်းရှိနေပါတယ်။
တက်လမ်းရှိတဲ့ရပ်၀န်းမှာ ရွှေ့ပြောင်းနေထိုင်ပါ

ဘ၀မှာ တိုးတက်ပြောင်းလဲသွားတဲ့, တိုးတက်ပြောင်းလဲနေတဲ့ လူတွေကို ကြည့်ရင် သူတို့နေထိုင်ရာ, ကာရံရာ, ပေါင်းသင်းဆက်ဆံရာ လူနဲ့နေရာတွေဟာ သူတို့ရချင်ရောက်ချင်တဲ့ နေရာတွေဆီ ပံ့ပိုးပေးနေနိုင်ကြောင်း မျက်ဝါး ထင်ထင် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။